August 23, 2013

အွန်လိုင်းမှာ ငွေရှာနည်း


ဒီနေ့ခောတ် စီးပွားရေး အခြေအနေအရ Gas ၊ စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်းတွေဟာ မိုးထိအောင်တက်နေတော့ လူတွေရဲ့ဝင်ငွေဟာ ကုန်ဈေးနှုန်းကို လိုက်လို့မမီဘူးဆိုတာ သိရှိလာကြပါတယ် ။ ဒါကြောင့် လူအများစုဟာ ငွေကိုအလျင်အမြန်ရှာဖွေနိုင်ဖို့အတွက် အင်တာနက်စီသို့ ခြေဦးလှည့်လာကြတာ မဆန်းပါဘူး ။ လူတွေဟာ သူတို့ရဲ့ သုံးစွဲခ ဘီလ် ( bill ) ကို ဘယ်လိုပေးချေရမလဲ ဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်နေကြပါတယ် ။ တခါတလေမှာလည်း ဘီလ်တောင်းခံမှုက အရမ်းများနေတတ်ပါတယ် ။
အခုဖော်ပြမှာကတော့ မြန်မြန်ဆန်ဆန် အလွယ်တကူ အင်တာနက်မှာ ငွေရှာနိုင်မယ့်နည်းလမ်းဖြစ်ပါတယ် ။ သင်ဟာ ချမ်းသာသွားမှာလား? အဲလိုတော့ မဟုတ်သေးဘူး ။ ဒါပေမယ့် တစ်လမှာ ဒေါ်လာ ၁၀၀ ၊ ၂၀၀ ၊ ၃၀၀ ကျော်လောက်တော့ ရနိုင်ပါတယ် ။

Ebay

ဒီနေရာမှာ Ebay အကြောင်း မပြောလို့တော့ မဖြစ်ဘူး ။ ငွေကို ချက်ချင်းရှာဖွေနေချင်သူအတွက်တော့ Ebay ဟာ သိပ်တော့မကောင်းဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက လူတွေအားလုံးကို အိမ်မှာနေပြီး ကုန်ပစ္စည်းတွေကို အွန်လိုင်း (online) မှာ ရောင်းခွင့်ပေးထားလို့ပါ ။
eBay မှာ ဈေးရောင်းချင်တယ်ဆိုရင်တော့ သင်ဟာ ရောင်းဖို့ပစ္စည်းတစ်ခုခု ရှာရမှာပေါ့ ။
သင်ဟာ ဒီကနေပြီး eBay မှာ Register လုပ်လို့မရပါဘူး ။ Country or Region Box မှာ My နဲ့ စတဲ့ နိုင်ငံမပါဘူး ။
သင်ဟာ အာရှနိုင်ငံများဖြစ်တဲ့ Hong Kong, Korea, Malaysia, Philippines, Singapore, Thailand, Vietnam တို့ရဲ့ Address,
City, State, Zip Code, Telephone Number တို့ဖြင့် Register လုပ်နိုင်ပါတယ် ။
eBay မှ ဝင်ငွေရှာချင်တယ်ဆိုရင်တော့ သင်ဟာ သင်ရဲ့ ကုန်ပစ္စည်းကို ဘယ်လို အကောင်းဆုံး ရောင်းချမလဲ ဆိုတာနဲ့ပတ်သက်ပြီး
ရှင်းပြထားသော Ebay For Dummies Starter Kit လို့ခေါ်တဲ့ ebook စာအုပ်တွေကို ဝယ်ယူဖတ်ရှုနိုင်ပါတယ် ။

Freelance Writer

Freelancer ဆိုတာ ကိုယ့်အလုပ်ကိုယ့်ဘာသာလုပ်သူ ၊ မည်သည့် အလုပ်ရှင်နဲ့ ရေရှည် စာချုပ် ချုပ်ဆိုထားခြင်း မရှိသူ လို့ ပြောနိုင်ပါတယ် ။
သင်ဟာ အင်တာနက်မှာ freelance writer စာရေးဆရာအဖြစ် လုပ်ကိုင်နိုင်ပါတယ် ။ Businesses စီးပွားရေးလုပ်ငန်းတွေ ၊ Internet Marketers အင်တာနက်မှာ အရောင်းမြှင့်တင်တဲ့သူတွေ ၊ about.com လို website တွေဟာ freelance writers တွေကို အသုံးပြုပါတယ် ။ ကံကောင်းတာက သင်ဟာ ကျွမ်းကျင်သော စာရေးဆရာ ဖြစ်စရာ မလိုပါဘူး ။
သင်ဟာ freelance writer အဖြစ်လုပ်မယ်ဆိုရင် websites များအတွက် Blog post, Articles ဆောင်းပါးများကို ရေးပေးရမှာ ဖြစ်ပါတယ် ။
သင်ဟာ fiction စိတ်ကူးယဉ်စာပေသော်လည်းကောင်း ၊ non-fiction အမှန်တရားတွေ၊ လူအကျင့်စရိုက်တွေ၊ အဖြစ်အပျက်တွေ အကြောင်းသော် လည်းကောင်း ရေးသားဖို့ အခွင့်အရေး ရနိုင်ပါတယ် ။
သင်ဟာ တစ်နေ့ကို ဆောင်းပါးအနည်းငယ်ရေးပြီး ငွေကို ရယူပါ ။ ဒီ အခွင့်အရေးကို http://www.reviewopedia.com/freelancehomewriters.com.htm မှာ လေ့လာနိုင်ပါတယ် ။
note : သင်ဟာ freelance photographer, freelance graphic designer အဖြစ်လည်း လုပ်ကိုင်နိုင်ပါတယ် ။
Read Emails
Company များမှာ ဖတ်ဖို့လိုအပ်သော emails တွေ တစ်နေ့မှာ ထောင်နဲ့ချီပြီး ဝင်နေပါတယ် ။ CEO (သို့) အလုပ်ရှင်ဟာ နေ့တိုင်း
email ဖတ်ဖို့ အချိန် မဖြုန်းနိုင်ပါဘူး ။ ဒါကြောင့် email ဖတ်ပေးဖို့ လူငှားတယ်ပေါ့ ။
email ဖတ်ပေးခကိုတော့ အလုပ်ရှင်နဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ် ။
Etsy
လက်မှုပစ္စည်းတွေလုပ်တတ်ပါသလား? www.etsy.com မှာ လက်မှု ပစ္စည်းတွေ ( handmade craft or product ) အရောင်း အဝယ် ပြုလုပ်နိုင်ပါတယ် ။ ရောင်းချသူများဟာ eBay ထက်ပိုပြီး အကျိုးအမြတ် ရကြပါတယ် ။ သင်ဟာ ဒီလိုမျိုး ပြုလုပ်နိုင်သူ ဆိုရင်တော့
ငွေတွေ ရနိုင်ကောင်းပါရဲ့ ။
Start your own Blog
သင့်မှာ ကိုယ်ပိုင် website ရှိစရာ မလိုပါဘူး ။ Blogging software များကိုလည်း install လုပ်စရာမလိုပါဘူး ၊ ကြော်ငြာများကို ဘယ်လိုထည့်သွင်းရမလဲ ဆိုတာကို လည်းသိဖို့မလိုပါဘူး ။ Blogger.com မှာ web design ကို ဘာမှနားမလည်လဲ blog တစ်ခုကို အခမဲ့ ရရှိနိုင်ပါတယ် ။ Blogger ဟာ Google AdSense နဲ့ ဆက်သွယ်ထားပြီး သင်ဟာ သင့်ရဲ့ blog မှာ ကြော်ငြာ ads တွေကို ဖော်ပြခြင်း ၊ လူတွေဟာ အဲဒိ ads ကြော်ငြာ တွေကို click နှိပ့်ခြင်း ပြုလုပ်တဲ့အခါမှာ သင်ဟာ ဝင်ငွေရရှိမှာ ဖြစ်ပါတယ် ။
ဒိထက် ဝင်ငွေပိုလိုချင်တယ်ဆိုရင်တော့ affiliate program တွေကို အသုံးပြုပါ ။ Monetizing your blog နဲ့ ပတ်သက်ပြီး http://weblogs.about.com/od/?once=true& ဒီ link မှာ ဆက်လေ့လာနိုင်ပါတယ် ။ သင်ရဲ့ blog ကို လူတွေ အများကြီး ဝင်ရောက် ကြည့်ရှုဖို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ရေးပါ ၊ အရေးအသားကောင်းပါစေ ၊ သူငယ်ချင်းတွေကို ပြောပြပါ ၊ အဆင်ပြေသွားပါလိမ့်မယ် ။
Related : http://www.problogger.net/
ဝန်ဆောင်မှု :
Blog မှာရေးထားသော Post တွေကို ဂျာနယ် ၊ မဂ္ဂဇင်းတွေက သူတို့စီမှာ ဖော်ပြချင်တယ်ဆိုရင် အခကြေးငွေယူပြီး ရောင်းပါတယ် ။ Blog Post ဘာသာပြန်ဆောင်းပါးတစ်ပုဒ်ကို US $ 10 , FEC 10 , ငွေကျပ် ၁၀၀၀၀ ဖြင့် ဝယ်ယူနိုင်ပါတယ် ။
Member , User များအတွက် ပေးသော ဝန်ဆောင်မှုမှာ သင့်ရဲ့ email စီကို ဘာသာပြန် ဆောင်းပါးတစ်ပုဒ်တင်တိုင်း ၊ New Blog Post တင်တိုင်း သင်ဖတ်ရှုနိုင်စေရန်အတွက် email ပို့ အကြောင်းကြားပေးမှာ ဖြစ်ပါတယ် ။ ဒီ ဝန်ဆောင်မှုအတွက် တစ်ပတ်ကို ငွေကျပ် ၃၅၀၀ လောက် ကျမည် ။


No comments: