August 24, 2013

AdFly နဲ့ ပိုက်ဆံရှာမယ်

Online မှာ မုန့်ဖိုး ရှာမယ်။
---------------------------
ပိုက်ဆံရှာမယ် လို့ မပြောပဲ မုန့်ဖိုး ရှာမယ် လို့ ခေါင်းစီးတပ်လိုက်တာကတော့ အကြောင်းရှိပါတယ်။
ချက်ချင်းလက်ငင်း ပိုက်ဆံ တစ်ပွေ့တစ်ပိုက်ကြီးရနိုင်တယ့် အလုပ်မဟုတ်သလို...
ကိုယ့်ကို တစ်လတစ်ခ မှန်မှန် လခ ပေးမယ့် အလုပ်တစ်ခုလည်း မဟုတ်ပါဘူး။

ဒါဆို...
အဲ့ဒါက ဘာလဲ...
ဘယ်သူတွေသုံးမှာလဲ...
ဘယ်လိုသုံးရမှာလဲ...

ပထမဆုံး "အဲ့ဒါက ဘာလဲ" နဲ့ မိတ်ဆက်ပေးပါမယ်။
ကျွန်တော် ပြောပြမယ့် မုန့်ဖိုးရှာနည်း Website ကတော့ Adf.ly (http://adf.ly/) ပါ။
Adf.ly ရဲ့ အဓိက Function ကတော့ URL Shortening Service လို့ခေါ်တဲ့ URL အတိုကောက် လုပ်ပေးခြင်းဖြစ်ပါတယ်။
ဥပမာ - https://kokowise.blogspot.com ဆိုတဲ့ URL ကို http://usheethe.com/jmSK ဆိုပြီး Shorten (အတိုကောက်) လုပ်ပေးလိုက်ပါတယ်။
အဲ့ဒီ http://usheethe.com/jmSK ကို သုံးပြီး Access လုပ်လျှင်လည်း Original URL ကို ရောက်သွားမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အတိုကောက် URL မှတစ်ဆင့် သွားလျှင် ငါးစက္ကန့်စောင့်ပြီးမှ သွားနိုင်ပါတယ်ခင်ဗျ။ ဒါဆို Adf.ly အကြောင်း အနည်းငယ်သိပြီထင်ပါတယ်။

ကဲ..."ဘယ်သူတွေသုံးမှာ"လဲ ဆိုတော့...
မိမိမှာ Blog ရှိတဲ့လူတွေ၊ Website ထောင်ထားတဲ့သူတွေ၊ မိမိ Personal Link တွေကို တခြားလူတွေ share ချင်သူများအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
မိမိရဲ့ Blog တို့၊ Website တို့ကို တခြား နေရာတွေမှာ ညွှန်းချင်တယ်ဆိုရင် ဒါလေးကို သုံးသင့်ပါတယ်။
ဥပမာ...မိမိ Website (https://kokowise.blogspot.com) ကို ညွှန်းမယ်ဆိုရင် ဒီလို အရှည်ကောက်ကြီး လုပ်မယ့်အစား စောစောကလို တိုသွားအောင် ဒီ Adf.ly ကပဲလုပ်ပေးနိုင်ပါတယ်။ ဒါဆို Share ရတာလည်း အဆင်ပြေသွားတာပေါ့...
အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တချို့ Download Link တော်တော်များများမှာ ဒီ Adf.ly URL ကနေတဆင့် သွားကျတာကို ကောင်းကောင်း တွေ့ဖူးကြမှာပါ။

ဒီခေတ်ကြီးမှာ ပိုက်ဆံတစ်ရာ နှစ်ရာ ရှာရတာကအစ မလွယ်တော့ပါဘူး။
ဒါကြောင့်...ဒီနည်းနဲ့ ပိုက်ဆံရှာတယ်ဆိုတာကလည်း အဲ့လောက်ကြီး မလွယ်ပါဘူး။
ကိုယ့်ရဲ့ Adf.ly URL ကို Click လုပ်တိုင်း ပိုက်ဆံရမှာမှန်ပေမယ့်လည်း...
လူအယောက် ၂၀ Click ရင်တောင် ဒေါ်လာ ဝ.၀၁ လောက်ရဖို့မသေချာပါဘူး။
ဒါပေမယ့် ဒီ Adf.ly နဲ့ပဲ ပိုက်ဆံ ထောင်ကျော် ရှာနိုင်သွားတဲ့ Blogger တွေ၊ Internet User တွေလည်း အများကြီးပါပဲ...
Adf.ly ကပေးတဲ့ Money Rate ကို အသေးစိတ်သိချင်ရင်တော့...http://adf.ly/rates.php မှာ လေ့လာနိုင်ပါတယ်။

နောက်ဆုံး "ဘယ်လိုသုံးရမှာလဲ" ဆိုတာကတော့ ...
http://adf.ly/ ကိုသွား...
Facebook Account ရှိတဲ့လူတွေအတွက်ကတော့ အောက်နားမှာ Login with Facebook ကို နှိပ်ပြီး Sign Up လုပ်။
ဒါမှာမဟုတ်လည်း Join Now ကနေတဆင့် Sign Up လုပ်လို့ရပါတယ်။
ပြီး ရင် ကိုယ့် Account Page ကိုရောက်သွားမှာပါ။
အဲ့မှာ မိမိ Original URL ကို အပေါ်နားမှာ Paste လုပ်...ပြီး Shrink button ကိုနှိပ်လိုက်ရင် URL အတိုကောက်ရပါပြီ။
အဲ့ဒီ အတိုကောက်ကို Copy ကူးပြီး မိမိ share ချင်တဲ့ နေရာတွေမှာ စိတ်တိုင်းကျ share နိုင်ပါပြီ။

ဒီလောက်ဆိုရင် Adf.ly နဲ့ မုန့်ဖိုးရှာနည်းကို တီးမိခေါက်မိ သိလောက်ပြီထင်ပါတယ်။
တိုးတက်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ ဒီလိုမျိုးလေးတွေ လုပ်လို့ရတာ သိထားရင် Internet User တွေအနေနဲ့ Enjoy ဖြစ်မိမှာပါ။
ဘာပဲပြောပြော သိပ်မထိရောက်ဘူးဆိုရင်တောင် Knowledge တစ်ခုအနေနဲ့ သိမ်းဆည်းထားပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်

P.S. မိမိ Adf.ly နှင့် ရှာထားတဲ့ ပိုက်ဆံတွေကို ပြန်ထုတ်ချင်ရင်တော့ PayPal Account ရှိမှရမှာပါ။

1 comment:

babettkaercher said...

Best Casinos in 2021 - Mapyro
The 하남 출장마사지 Top 안산 출장샵 10 Casinos in Las 동두천 출장안마 Vegas · 김천 출장안마 1. Red Dog - Best Overall Casino · 2. Beau Rivage - Best Hotel & Casino · 3. The Venetian - 목포 출장마사지 Best