September 15, 2013

အချစ်စိတ်

အချစ်ဆိုတာ
နှလုံးသားခြင်းသာ ဆက်သွယ်တဲ့ဘာသာစကားပါ။  ။
နုတ်ဖျားကထွက်ကျလာတဲ့ သာယာတဲ့စကားများရော
အဘိဓ္ဓါန်ထဲက နုညံ့တဲ့စာလုံးလေးတွေရော
ဘယ်အရာမှ ပီပြင်အောင်
အချစ်ကို ပုံဖော်လို့မှမရတာ ။   ။

မင်းမျက်ဝန်းနဲ့ဆုံမိတဲ့အခါ
ကိုယ့်နှလုံးသားလေး မင်းအပြုံးမှာကပ်ငြိပါသွားလေသလား
ရင်ဘတ်မှာတော့ အရှိန်မသပ်နိုင်တဲ့
အကြီးစားငလျှင်တစ်မျိုး လှုပ်ခပ်သွားခဲ့တယ် ။   ။

အမှတ်တမဲ့ဆို
နူယူကလိယဓါတ်ပေါင်းဖိုတစ်လုံးပေါက်ကွဲသွားတာများလား
ရေတံခွန်ပေါ်ကရေတွေ တစ်ရှိန်ထိုးစီးကျလာတာများလား
ကောင်းကင်ကမိုးကြိုးတွေ အစင်းလိုက်ပစ်ချလိုက်တာများလား
နုညံ့တဲ့နှလုံးသားကို ဓါတ်လိုက်သွားခဲ့တယ် ။   ။

ရင်ဘတ်မှာ
စမ်းချောင်းလေးတစ်စင်း ဖြတ်သန်းစီးစင်းသွားတာများလား
ပန်းခင်းတစ်ခင်း ခြေထောက်ပေါက်ရောက်လာများလား
လေညှင်းလေးတွေ ဖြတ်သန်းတိုက်ခတ်သွားတာများလား
နုညံ့တဲ့ နိဗ္ဗာန်ဘုံကို ကိုယ် တွေ့ခဲ့တယ် ။   ။

ကောင်မလေးရေ
ဘယ်အရာကိုမှ နှလုံးသားမှာ
သေသေချာချာမထားရှိခဲ့တဲ့ကောင်ဟာ
အခု တိတိကျကျ
ကိုယ် မင်းကိုချစ်မိနေပါပြီ ။   ။

စစ်အေးတိုက်ပွဲ

တိတ်ဆိပ်နေခြင်းဟာလည်း
စိန်ခေါ်မှုတစ်ရပ်ပဲ ။   ။
ငြိမ်သက်နေခြင်းကို
ပိုမိုနားစွင့်နေရတယ် ။   ။
ယုံကြည်ချက်
အသက်နဲ့ခန္ဓာ
မျှော်လင်ချက်နဲ့ အိမ်မက်တွေအသက်ဆက်ဖို့
သတိတရားတွေကိုလည်း စားသုံးရပေါ့ ။   ။
ကြိုးစားမှု
ရပ်တန့်လို့မရတဲ့ ရပ်ဝန်းထဲ
သုတေသန အသစ်တွေ ဖွဲ့လို့
အသံတိတ်
ကိုယ်ပျောက်
လက်နှက်တွေ
လျှို့ဝှက်
အပြိုင်တပ်ဆင်နေရပေါ့ ။   ။

August 24, 2013

AdFly နဲ့ ပိုက်ဆံရှာမယ်

Online မှာ မုန့်ဖိုး ရှာမယ်။
---------------------------
ပိုက်ဆံရှာမယ် လို့ မပြောပဲ မုန့်ဖိုး ရှာမယ် လို့ ခေါင်းစီးတပ်လိုက်တာကတော့ အကြောင်းရှိပါတယ်။
ချက်ချင်းလက်ငင်း ပိုက်ဆံ တစ်ပွေ့တစ်ပိုက်ကြီးရနိုင်တယ့် အလုပ်မဟုတ်သလို...
ကိုယ့်ကို တစ်လတစ်ခ မှန်မှန် လခ ပေးမယ့် အလုပ်တစ်ခုလည်း မဟုတ်ပါဘူး။

ဒါဆို...
အဲ့ဒါက ဘာလဲ...
ဘယ်သူတွေသုံးမှာလဲ...
ဘယ်လိုသုံးရမှာလဲ...

ပထမဆုံး "အဲ့ဒါက ဘာလဲ" နဲ့ မိတ်ဆက်ပေးပါမယ်။
ကျွန်တော် ပြောပြမယ့် မုန့်ဖိုးရှာနည်း Website ကတော့ Adf.ly (http://adf.ly/) ပါ။
Adf.ly ရဲ့ အဓိက Function ကတော့ URL Shortening Service လို့ခေါ်တဲ့ URL အတိုကောက် လုပ်ပေးခြင်းဖြစ်ပါတယ်။
ဥပမာ - https://kokowise.blogspot.com ဆိုတဲ့ URL ကို http://usheethe.com/jmSK ဆိုပြီး Shorten (အတိုကောက်) လုပ်ပေးလိုက်ပါတယ်။
အဲ့ဒီ http://usheethe.com/jmSK ကို သုံးပြီး Access လုပ်လျှင်လည်း Original URL ကို ရောက်သွားမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အတိုကောက် URL မှတစ်ဆင့် သွားလျှင် ငါးစက္ကန့်စောင့်ပြီးမှ သွားနိုင်ပါတယ်ခင်ဗျ။ ဒါဆို Adf.ly အကြောင်း အနည်းငယ်သိပြီထင်ပါတယ်။

ကဲ..."ဘယ်သူတွေသုံးမှာ"လဲ ဆိုတော့...
မိမိမှာ Blog ရှိတဲ့လူတွေ၊ Website ထောင်ထားတဲ့သူတွေ၊ မိမိ Personal Link တွေကို တခြားလူတွေ share ချင်သူများအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
မိမိရဲ့ Blog တို့၊ Website တို့ကို တခြား နေရာတွေမှာ ညွှန်းချင်တယ်ဆိုရင် ဒါလေးကို သုံးသင့်ပါတယ်။
ဥပမာ...မိမိ Website (https://kokowise.blogspot.com) ကို ညွှန်းမယ်ဆိုရင် ဒီလို အရှည်ကောက်ကြီး လုပ်မယ့်အစား စောစောကလို တိုသွားအောင် ဒီ Adf.ly ကပဲလုပ်ပေးနိုင်ပါတယ်။ ဒါဆို Share ရတာလည်း အဆင်ပြေသွားတာပေါ့...
အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တချို့ Download Link တော်တော်များများမှာ ဒီ Adf.ly URL ကနေတဆင့် သွားကျတာကို ကောင်းကောင်း တွေ့ဖူးကြမှာပါ။

ဒီခေတ်ကြီးမှာ ပိုက်ဆံတစ်ရာ နှစ်ရာ ရှာရတာကအစ မလွယ်တော့ပါဘူး။
ဒါကြောင့်...ဒီနည်းနဲ့ ပိုက်ဆံရှာတယ်ဆိုတာကလည်း အဲ့လောက်ကြီး မလွယ်ပါဘူး။
ကိုယ့်ရဲ့ Adf.ly URL ကို Click လုပ်တိုင်း ပိုက်ဆံရမှာမှန်ပေမယ့်လည်း...
လူအယောက် ၂၀ Click ရင်တောင် ဒေါ်လာ ဝ.၀၁ လောက်ရဖို့မသေချာပါဘူး။
ဒါပေမယ့် ဒီ Adf.ly နဲ့ပဲ ပိုက်ဆံ ထောင်ကျော် ရှာနိုင်သွားတဲ့ Blogger တွေ၊ Internet User တွေလည်း အများကြီးပါပဲ...
Adf.ly ကပေးတဲ့ Money Rate ကို အသေးစိတ်သိချင်ရင်တော့...http://adf.ly/rates.php မှာ လေ့လာနိုင်ပါတယ်။

နောက်ဆုံး "ဘယ်လိုသုံးရမှာလဲ" ဆိုတာကတော့ ...
http://adf.ly/ ကိုသွား...
Facebook Account ရှိတဲ့လူတွေအတွက်ကတော့ အောက်နားမှာ Login with Facebook ကို နှိပ်ပြီး Sign Up လုပ်။
ဒါမှာမဟုတ်လည်း Join Now ကနေတဆင့် Sign Up လုပ်လို့ရပါတယ်။
ပြီး ရင် ကိုယ့် Account Page ကိုရောက်သွားမှာပါ။
အဲ့မှာ မိမိ Original URL ကို အပေါ်နားမှာ Paste လုပ်...ပြီး Shrink button ကိုနှိပ်လိုက်ရင် URL အတိုကောက်ရပါပြီ။
အဲ့ဒီ အတိုကောက်ကို Copy ကူးပြီး မိမိ share ချင်တဲ့ နေရာတွေမှာ စိတ်တိုင်းကျ share နိုင်ပါပြီ။

ဒီလောက်ဆိုရင် Adf.ly နဲ့ မုန့်ဖိုးရှာနည်းကို တီးမိခေါက်မိ သိလောက်ပြီထင်ပါတယ်။
တိုးတက်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ ဒီလိုမျိုးလေးတွေ လုပ်လို့ရတာ သိထားရင် Internet User တွေအနေနဲ့ Enjoy ဖြစ်မိမှာပါ။
ဘာပဲပြောပြော သိပ်မထိရောက်ဘူးဆိုရင်တောင် Knowledge တစ်ခုအနေနဲ့ သိမ်းဆည်းထားပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်

P.S. မိမိ Adf.ly နှင့် ရှာထားတဲ့ ပိုက်ဆံတွေကို ပြန်ထုတ်ချင်ရင်တော့ PayPal Account ရှိမှရမှာပါ။

စကားလုံးတစ်လုံးရဲ့အင်အား


ချမ်းအေးတဲ့ ဆောင်းရာသီနေ့တစ်နေ့ လူစည်ကားတဲ့ လမ်းမတစ်နေရာမှာ ဟောင်းနွမ်းတဲ့ အဝတ်အစားနဲ့ မျက်မမြင် အဘိုးအိုတစ်ဦး တောင်းရမ်းနေခဲ့ပါတယ်။ ညစ်ပတ်ပေရေနေတဲ့သူ့ကိုယ်ပေါ်မှာ ပျဉ်ပြားတစ်ချတ်လည်း ချိတ်ဆွဲထားတယ်။ အဘိုးအိုက တိုင်တစ်တိုင်ကို မှီပြီး ချမ်းအေးလွန်းတဲ့ အအေးဒါဏ်ကို အံ့တုနေခဲ့တယ်။ ဆောင်းလေက အကြင်နာကင်းမဲ့စွာ သူ့ကိုယ်ပေါ်ကို တဟူးဟူး ဖြတ်တိုက်နေခဲ့တယ်။ မြင်ရသူအဖို့ ရင်နာစရာကောင်းလွန်းတဲ့ မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်။

တစ်နေ့မှာ ဆင်းရဲသားကဗျာဆရာတစ်ဦးက အဘိုးအိုရှေ့ဖြတ်လျှောက်လာမိတယ်။ ကဗျာဆရာဟာ အဖိုးအိုကိုမြင်တော့ သနားပြီးပေးကမ်းဖို့ ကိုယ့်အိတ်ကပ်ကို စမ်းကြည့်လိုက်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ သူ့အိတ်ကပ်ထဲမှာ တစ်ပြားတစ်ချပ်မှ ရှိမနေခဲ့ပါဘူး။ ကဗျာဆရာက အဖိုးအိုကို သူလည်းဆင်းရဲတာကြောင့် ဘာမှမပေးနိုင်ကြောင်း ဒါပေမယ့် အဘိုးအိုကိုယ်ပေါ်မှာ ချိတ်ဆွဲထားတဲ့ ပျဉ်ပြားပေါ်မှာ စာတချို့ရေးပြီး ကူညီခဲ့ချင်ပါကြောင်း ပြောပြတယ်။ ဒီလိုနဲ့ပဲ ကဗျာဆရာဟာ အဘိုးအိုဆီခွင့်တောင်းပြီး ပျဉ်ပြားပေါ်မှာ စာတချို့ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာ အဘိုးအိုက လမ်းသွားလမ်းလာတွေရဲ့ သနားဂရုဏာ ပိုရခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အချိန်တွေ တဖြည်းတဖြည်းကုန်လွန်လာခဲ့ပါတယ်။ တစ်ရက်မှာ ဆင်းရဲသားကဗျာဆရာနဲ့ အဘိုးအိုဆုံမိကြပြန်ပါတယ်။ ကဗျာဆရာဟာ အရင်ကအဘိုးနဲ့ဆုံဖူးတဲ့အကြောင်း ငွေအနည်းငယ်ပေးရင်းရှင်းပြတဲ့အခါမှာ အဘိုးအိုကမှတ်မိသွားပြီး "ပျဉ်ပြားပေါ်မှာဘာတွေများရေးထားခဲ့လို့ လူတွေကအဘိုးကို ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲကြတာလဲ" လို့မေးတော့ ကဗျာဆရာက ရယ်ရယ်ပြုံးပြုံးနဲ့ပြန်ဖြေခဲ့ပါတယ်။ "နွေရောက်တော့မယ်ကွယ် .... ဒါပေမယ့်  ငါ့မှာမြင်နိုင်ခွင့်မရှိတော့ပါဘူး ... လို့ ရေးထားခဲ့တာပါ" လို့ ပြန်ဖြေခဲ့ပါတယ်။

စာပေပညာရှင်ရဲ့ စကားအသုံးအနှုန်းက လူတွေရဲ့စိတ်ကို ကိုင်လှုပ်နိုင်စွမ်းရှိတယ်။ ဆင်းရဲသားကဗျာဆရာက အဖိုးအိုရဲ့ အားနည်းချက်ကို လှလှပပဖော်ကျူးပြီး လူတွေကို ပိုပြီးဂရုဏာသက်စေခဲ့ပါတယ်။ ကဗျာဆရာက အဖိုးအိုကို သူ့ရဲ့ကျွမ်းကျင်မှုနဲ့ကူညီနိုင်ခဲ့တာဟာ စကားလုံးတစ်လုံးရဲ့ အင်အားကိုပြသသွားတာလည်းဖြစ်ပါတယ်။

ဒီပုံပြင်မှာ ကဗျာဆရာရဲ့နေရာမှာ သာမာန်တစ်ခြားတစ်ယောက်သာစေတနာရှိလို့စွန့်ကြဲပေးကမ်းခဲ့မယ်ဆိုရင် သူတစ်ဦးတည်းပေးကမ်းတဲ့ ငွေသားအချို့ပဲရမှာပါ။ ကဗျာဆရာကတော့ ငွေမရှိပေမယ့် ငွေထက်အများကြီးအင်အားကြီးတဲ့ စကားလုံးလေးနဲ့ကူညီသွားတာပါ။ ကလောင်သွားကဓါးသွားထက် ထက်တယ်ဆိုတာပြသွားတာပါ။ ကလောင်သွားနဲ့ လူတစ်ယောက်ကို ခေါင်းမဖော်ဝံ့အောင်သတ်နိုင်သလို လူတစ်ယောက်ကို လမ်းမှန်ပေါ်ရောက်အောင်လည်း တွန်းပို့နိုင်ပါတယ်။

August 23, 2013

အွန်လိုင်းမှာ ငွေရှာနည်း


ဒီနေ့ခောတ် စီးပွားရေး အခြေအနေအရ Gas ၊ စားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်းတွေဟာ မိုးထိအောင်တက်နေတော့ လူတွေရဲ့ဝင်ငွေဟာ ကုန်ဈေးနှုန်းကို လိုက်လို့မမီဘူးဆိုတာ သိရှိလာကြပါတယ် ။ ဒါကြောင့် လူအများစုဟာ ငွေကိုအလျင်အမြန်ရှာဖွေနိုင်ဖို့အတွက် အင်တာနက်စီသို့ ခြေဦးလှည့်လာကြတာ မဆန်းပါဘူး ။ လူတွေဟာ သူတို့ရဲ့ သုံးစွဲခ ဘီလ် ( bill ) ကို ဘယ်လိုပေးချေရမလဲ ဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်နေကြပါတယ် ။ တခါတလေမှာလည်း ဘီလ်တောင်းခံမှုက အရမ်းများနေတတ်ပါတယ် ။
အခုဖော်ပြမှာကတော့ မြန်မြန်ဆန်ဆန် အလွယ်တကူ အင်တာနက်မှာ ငွေရှာနိုင်မယ့်နည်းလမ်းဖြစ်ပါတယ် ။ သင်ဟာ ချမ်းသာသွားမှာလား? အဲလိုတော့ မဟုတ်သေးဘူး ။ ဒါပေမယ့် တစ်လမှာ ဒေါ်လာ ၁၀၀ ၊ ၂၀၀ ၊ ၃၀၀ ကျော်လောက်တော့ ရနိုင်ပါတယ် ။

Ebay

ဒီနေရာမှာ Ebay အကြောင်း မပြောလို့တော့ မဖြစ်ဘူး ။ ငွေကို ချက်ချင်းရှာဖွေနေချင်သူအတွက်တော့ Ebay ဟာ သိပ်တော့မကောင်းဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက လူတွေအားလုံးကို အိမ်မှာနေပြီး ကုန်ပစ္စည်းတွေကို အွန်လိုင်း (online) မှာ ရောင်းခွင့်ပေးထားလို့ပါ ။
eBay မှာ ဈေးရောင်းချင်တယ်ဆိုရင်တော့ သင်ဟာ ရောင်းဖို့ပစ္စည်းတစ်ခုခု ရှာရမှာပေါ့ ။
သင်ဟာ ဒီကနေပြီး eBay မှာ Register လုပ်လို့မရပါဘူး ။ Country or Region Box မှာ My နဲ့ စတဲ့ နိုင်ငံမပါဘူး ။
သင်ဟာ အာရှနိုင်ငံများဖြစ်တဲ့ Hong Kong, Korea, Malaysia, Philippines, Singapore, Thailand, Vietnam တို့ရဲ့ Address,
City, State, Zip Code, Telephone Number တို့ဖြင့် Register လုပ်နိုင်ပါတယ် ။
eBay မှ ဝင်ငွေရှာချင်တယ်ဆိုရင်တော့ သင်ဟာ သင်ရဲ့ ကုန်ပစ္စည်းကို ဘယ်လို အကောင်းဆုံး ရောင်းချမလဲ ဆိုတာနဲ့ပတ်သက်ပြီး
ရှင်းပြထားသော Ebay For Dummies Starter Kit လို့ခေါ်တဲ့ ebook စာအုပ်တွေကို ဝယ်ယူဖတ်ရှုနိုင်ပါတယ် ။

Freelance Writer

Freelancer ဆိုတာ ကိုယ့်အလုပ်ကိုယ့်ဘာသာလုပ်သူ ၊ မည်သည့် အလုပ်ရှင်နဲ့ ရေရှည် စာချုပ် ချုပ်ဆိုထားခြင်း မရှိသူ လို့ ပြောနိုင်ပါတယ် ။
သင်ဟာ အင်တာနက်မှာ freelance writer စာရေးဆရာအဖြစ် လုပ်ကိုင်နိုင်ပါတယ် ။ Businesses စီးပွားရေးလုပ်ငန်းတွေ ၊ Internet Marketers အင်တာနက်မှာ အရောင်းမြှင့်တင်တဲ့သူတွေ ၊ about.com လို website တွေဟာ freelance writers တွေကို အသုံးပြုပါတယ် ။ ကံကောင်းတာက သင်ဟာ ကျွမ်းကျင်သော စာရေးဆရာ ဖြစ်စရာ မလိုပါဘူး ။
သင်ဟာ freelance writer အဖြစ်လုပ်မယ်ဆိုရင် websites များအတွက် Blog post, Articles ဆောင်းပါးများကို ရေးပေးရမှာ ဖြစ်ပါတယ် ။
သင်ဟာ fiction စိတ်ကူးယဉ်စာပေသော်လည်းကောင်း ၊ non-fiction အမှန်တရားတွေ၊ လူအကျင့်စရိုက်တွေ၊ အဖြစ်အပျက်တွေ အကြောင်းသော် လည်းကောင်း ရေးသားဖို့ အခွင့်အရေး ရနိုင်ပါတယ် ။
သင်ဟာ တစ်နေ့ကို ဆောင်းပါးအနည်းငယ်ရေးပြီး ငွေကို ရယူပါ ။ ဒီ အခွင့်အရေးကို http://www.reviewopedia.com/freelancehomewriters.com.htm မှာ လေ့လာနိုင်ပါတယ် ။
note : သင်ဟာ freelance photographer, freelance graphic designer အဖြစ်လည်း လုပ်ကိုင်နိုင်ပါတယ် ။
Read Emails
Company များမှာ ဖတ်ဖို့လိုအပ်သော emails တွေ တစ်နေ့မှာ ထောင်နဲ့ချီပြီး ဝင်နေပါတယ် ။ CEO (သို့) အလုပ်ရှင်ဟာ နေ့တိုင်း
email ဖတ်ဖို့ အချိန် မဖြုန်းနိုင်ပါဘူး ။ ဒါကြောင့် email ဖတ်ပေးဖို့ လူငှားတယ်ပေါ့ ။
email ဖတ်ပေးခကိုတော့ အလုပ်ရှင်နဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ် ။
Etsy
လက်မှုပစ္စည်းတွေလုပ်တတ်ပါသလား? www.etsy.com မှာ လက်မှု ပစ္စည်းတွေ ( handmade craft or product ) အရောင်း အဝယ် ပြုလုပ်နိုင်ပါတယ် ။ ရောင်းချသူများဟာ eBay ထက်ပိုပြီး အကျိုးအမြတ် ရကြပါတယ် ။ သင်ဟာ ဒီလိုမျိုး ပြုလုပ်နိုင်သူ ဆိုရင်တော့
ငွေတွေ ရနိုင်ကောင်းပါရဲ့ ။
Start your own Blog
သင့်မှာ ကိုယ်ပိုင် website ရှိစရာ မလိုပါဘူး ။ Blogging software များကိုလည်း install လုပ်စရာမလိုပါဘူး ၊ ကြော်ငြာများကို ဘယ်လိုထည့်သွင်းရမလဲ ဆိုတာကို လည်းသိဖို့မလိုပါဘူး ။ Blogger.com မှာ web design ကို ဘာမှနားမလည်လဲ blog တစ်ခုကို အခမဲ့ ရရှိနိုင်ပါတယ် ။ Blogger ဟာ Google AdSense နဲ့ ဆက်သွယ်ထားပြီး သင်ဟာ သင့်ရဲ့ blog မှာ ကြော်ငြာ ads တွေကို ဖော်ပြခြင်း ၊ လူတွေဟာ အဲဒိ ads ကြော်ငြာ တွေကို click နှိပ့်ခြင်း ပြုလုပ်တဲ့အခါမှာ သင်ဟာ ဝင်ငွေရရှိမှာ ဖြစ်ပါတယ် ။
ဒိထက် ဝင်ငွေပိုလိုချင်တယ်ဆိုရင်တော့ affiliate program တွေကို အသုံးပြုပါ ။ Monetizing your blog နဲ့ ပတ်သက်ပြီး http://weblogs.about.com/od/?once=true& ဒီ link မှာ ဆက်လေ့လာနိုင်ပါတယ် ။ သင်ရဲ့ blog ကို လူတွေ အများကြီး ဝင်ရောက် ကြည့်ရှုဖို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ရေးပါ ၊ အရေးအသားကောင်းပါစေ ၊ သူငယ်ချင်းတွေကို ပြောပြပါ ၊ အဆင်ပြေသွားပါလိမ့်မယ် ။
Related : http://www.problogger.net/
ဝန်ဆောင်မှု :
Blog မှာရေးထားသော Post တွေကို ဂျာနယ် ၊ မဂ္ဂဇင်းတွေက သူတို့စီမှာ ဖော်ပြချင်တယ်ဆိုရင် အခကြေးငွေယူပြီး ရောင်းပါတယ် ။ Blog Post ဘာသာပြန်ဆောင်းပါးတစ်ပုဒ်ကို US $ 10 , FEC 10 , ငွေကျပ် ၁၀၀၀၀ ဖြင့် ဝယ်ယူနိုင်ပါတယ် ။
Member , User များအတွက် ပေးသော ဝန်ဆောင်မှုမှာ သင့်ရဲ့ email စီကို ဘာသာပြန် ဆောင်းပါးတစ်ပုဒ်တင်တိုင်း ၊ New Blog Post တင်တိုင်း သင်ဖတ်ရှုနိုင်စေရန်အတွက် email ပို့ အကြောင်းကြားပေးမှာ ဖြစ်ပါတယ် ။ ဒီ ဝန်ဆောင်မှုအတွက် တစ်ပတ်ကို ငွေကျပ် ၃၅၀၀ လောက် ကျမည် ။


မိုးအေမွာင္ည

အဲ့ဒီညက
လမင်းကြီးအလုပ်မဆင်းဘူး
ကြယ်ကလေးတွေခေါင်းမြီးခြုံ
လုံပြီကွယ်
လေးဘက်လေးတန် မီးချောင်းကြီးတွေက
ဆတပ်တာ ခပ်လိုက်မခပ်လိုက်
ပြိုးပြိုးပျက်ပျက်
မျက်စပစ်ပြီကွယ်
မိုးယံထက်ကဗုံမောင်းသံက
ဟိန်းဟိန်းညံညံ
စနေထောင့်မှာ ဆွမ်းလောင်းပြီကွယ်
ကျွန်တော်
ပုစွန်ထုပ်ကွေးကွေးလေး
အိမ်အိုလေးထဲ
သဲသဲလှုပ်ပြီကွယ် ---။-----။---

လူတိုင်းတရားထူးရနိုင် / မရနိုင်

အရှင်ဘုရား၊ ခုခေတ်မှာ လူတိုင်း တရားထူးရနိုင်ပါသေးသလား၊ တရားထူး ရနိုင်တယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်မျိုးတွေသာ ရနိုင်ပါသလဲ၊ မရနိုင်ဘူးဆိုရင်လည်း ဘာဖြစ်လို့ မရနိုင်ရတာလဲဘုရား။ တပည့်တော်ကို ဖြေကြားပေးစေလိုပါတယ်။
မသန္တာ (ဗဟန်း၊ ရန်ကုန်)

              ဒီမေးခွန်းနဲ့ပတ်သတ်ပြီး ကျွတ်ထိုက်တဲ့ပုထုဇဉ်၊ မကျွတ်ထိုက်တဲ့ပုထုဇဉ် လို့ နှစ်မျိုးခွဲခြားပြီး ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ဗုဒ္ဓမြတ်စွာ ဟောကြားထားတော်မူခဲ့တာက..
ကျွတ်ထိုက်သော သတ္တ၀ါတို့မည်သည် အဘယ်တို့နည်း၊ ကံ ကိလေသာ ၀ိပါက်ဟူသော တားမြစ်ခြင်းနှင့် မပြည့်စုံကုန်၊ ယုံကြည်မှုရှိကုန်၏။ ကုသိုလ်ဆန္ဒရှိကုန်၏။ ပညာရှိကုန်၏။ ကုသိုလ်တရားတို့၌ သမ္မတ္တနိယာမဟုဆိုအပ်သော အရိယမဂ်သို့ သက်ခြင်းငှါထိုက်ကုန်၏၊ ဤသတ္တ၀ါတို့သည် ကျွတ်ထိုက်သော သတ္တ၀ါတို့တည်း။ (ကျွတ်ထိုက်တဲ့သတ္တ၀ါဆိုတာ တရားထူးရနိုင်တဲ့သူကိုဆိုလိုတာပါ)
(မကျွတ်ထိုက်တဲ့သူကို အပြန်အားဖြင့်သိလေ)

       ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ၊ အသုညော လောကေ အရဟန္တေဟိ အဿာတိ။ (ဒီ၊၂၊၁၂၅)
သုဘဒ္ဒ၊ ရဟန်းမြတ်(၁၂)ယောက် (ကျင့်ဆဲလေးယောက်၊ အရိယာရှစ်ယောက်ကိုဆိုလို) တို့သည် မိမိမျက်မှောက်ပြုအပ်သောတရားကို၊ မိမိကျင့်ဆဲတရားတို့ကို သူတစ်ပါးတို့အား ဟောပြ၍ မိမိတို့အရာ၌ တည်အောင် ပြုကုန်ကြအံ့။ လောက၌ ရဟန္တာတို့မှ မဆိတ်သုဉ်းနိုင်ရာ။

          ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ၀ိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ။
အာနန္ဒာ၊ ငါဘုရား ဟောကြား ပညတ်တော်မူအပ်သော သုတ်၊ အဘိဓမ္မာ၊ ၀ိနည်း ဒေသနာတို့သည် ငါဘုရား ပရိနိဗ္ဗာန်ပြုသောအခြားမဲ့၌ သင်တို့ဆရာ (ဘုရား) ပင် ဖြစ်ပေ၏။

          အထက်ပါ ဘုရားရဲ့တရားတော်တွေအရ သာသနာတော်မှာ သုတ်၊ အဘိဓမ္မာ၊ ၀ိနည်းတွေကို ကျင့်ကြံနေသူတွေ ရှိနေသမျှ တရားထူးရနိုင်သေးတယ် ဆိုတာကို သိရပါတယ်။ တရားကျင့်တဲ့ လူတိုင်းအားလုံး တရားရနိုင်သလားဆိုတာကတော့ အောက်ပါအဖြေတွေနဲ့ တိုက်ပြီး ဆုံးဖြတ်ကြည့်ပါ။

ပုဂ္ဂိုလ်ငါးမျိုး

၁။ ပဋိသန္ဓေနေတုန်းက အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ယှဉ်ဘက်ဟိတ် ၃-ပါးရှိတဲ့ မဟာဝိပါက် ဥာဏသမ္ပယုတ်စိတ်နဲ့ ပဋိသန္ဓေနေခဲ့သူကို (တိဟိတ်ပုဂ္ဂိုလ်) လို့ခေါ်တယ်။

၂။ ပဋိသန္ဓေနေတုန်းက အလောဘ၊ အဒေါသ၊ ဟူသော ယှဉ်ဘက်ဟိတ် ၂-ပါးရှိတဲ့ မဟာဝိပါက် ဥာဏ၀ိပ္ပယုတ်စိတ်နဲ့ ပဋိသန္ဓေနေခဲ့သူကို (ဒွိဟိတ်ပုဂ္ဂိုလ်) လို့ခေါ်တယ်။

၃။ ပဋိသန္ဓေနေတုန်းက ယှဉ်ဘက်ဟိတ်မရှိတဲ့ အဟိတ်ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေခဲ့သူကို (အဟိတ်ပုဂ္ဂိုလ်) လို့ခေါ်တယ်။

၎။ ထို အဟိတ် ထဲမှာတင် အပါယ်ဒုဂ္ဂတိလေးဘုံမှာ အဟိတ်ကုသလ၀ိပါက် ဥပေက္ခာသန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေသူကို (ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်) လို့ခေါ်တယ်။

၅။ ကာမသုဂတိဘုံမှာ အဟိတ်ကုသလ၀ိပါက် ဥပေက္ခာသန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေသူကို (သုဂတိ အဟိတ်ပုဂ္ဂိုလ်) လို့ခေါ်တယ်။

     ဒီ ပုဂ္ဂိုလ် ငါးမျိုးကိုကြည့်ခြင်းအားဖြင့် တရားထူးရနိုင်၊ မရနိုင်ဆိုတာ ပဋိသန္ဓေနေစဉ် အတိတ်ကံနဲ့လည်း ဆိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။
ဒီပုဂ္ဂိုလ်ငါးမျိုးထဲမှာ တိဟိတ်ပုဂ္ဂိုလ်က လွဲလို့ ကျန် ဒွိဟိတ်.အဟိတ် ပုဂ္ဂိုလ်တွေဟာ ညံ့ဖျင်းတဲ့ပဋိသန္ဓေ၀ိပါက် က တားမြစ်ထားလို့ ဒီဘ၀မှာတော့ ဈာန်မဂ်ဖိုလ်ချမ်းသာကို မရနိုင်တော့ပါဘူး။ ပါရမီအဖြစ် ကြိုးစားပြီး အားထုတ်ထားမယ်ဆိုရင် ဒွိဟိတ်ပုဂ္ဂိုလ်အတွက် ဒုတိဘ၀မှာ ရနိုင်ပါတယ်။

အန္တရာယ်ငါးပါး

   တိဟိတ်ပင်ဖြစ်နေစေကာမူ အခုပြောမယ့် အန္တရာယ်ငါးပါးထဲက တစ်ပါးပါးကို ကျူးလွန်ထားမယ်ဆိုရင် လည်း ဒီဘ၀မှာ ဈာန် မဂ် ဖိုလ် ကိုမရနိုင်တော့ပါဘူး။ အန္တရာယ်ငါးပါးက ဘာတွေလည်းဆိုတော့… 

၁။ ကမ္မန္တရာယ်.. ကံကြီးငါးပါးနဲ့ ဘိက္ခုနီဒူသကကံ၊

၂။ ကိလေသန္တရာယ်.. ကိလေသာဆယ်ပါးထဲမှာပါဝင်တဲ့ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ ဆိုတဲ့ နိယတမိစ္ဆာဒိဋ္ဌိ တွေပါပဲ။ ဒီအယူကိုမစွန့်သမျှ နောက်ဘ၀မှာ အပါယ်တစ်လမ်းသာသွားဖို့ရှိတယ်။ ဥဘတောဗျည်းနဲ့ ပဏ္ဍုက်တွေကိုလည်း ဒီထဲပဲထည့်သွင်းထားရမယ်။ ၀ါဒစွန့်ရင်တော့ တရားထူးရနိုင်တယ်။

၃။ ၀ိပါကန္တရာယ်.. ဒွိဟိတ်နဲ့အဟိတ်ပုဂ္ဂိုလ်။

၎။ အရိယူပ၀ါဒန္တရာယ်.. အရိယာပုဂ္ဂိုလ်မှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယုတ်မာတဲ့စိတ်ထားနဲ့ စွတ်စွဲ ကဲ့ရဲ့မိခဲ့မယ်ဆိုရင် ပြန်လည်မတောင်းပန်သမျှ တရားထူးမရနိုင်တော့ဘူး။

၅။ အာဏာဝီတိက္ကမန္တရာယ်.. လွန်ကျူးလိုတဲ့စေတနာနဲ့ ပညတ်ထားခဲ့တဲ့ သိက္ခာပုဒ်တွေကို မကုစားဘူးဆိုရင်လည်း ဒီဘ၀မှာ တရားထူးမရနိုင်တော့ပါဘူး။ ဆိုင်ရာ အာပတ်တွေကို ကုစားလို့ရတဲ့ နည်းလမ်းတွေကိုလည်း ဟေားထားတာရှိပါတယ်။ သင့်ရောက်တဲ့အပြစ်ကို ကုစားမယ်ဆိုရင်တော့ ဒီဘ၀မှာ တရားထူးတွေ ရနိုင်ပါတယ်။

       ဒီလောက်ဆိုရင် လူတိုင်းတရားထူးရနိုင်/မရနိုင် ဆိုတာ သိသင့်သလောက်တော့ သိသွားမယ်လို့ ယူဆပါတယ်။ ဒီထက်ပိုပြီး သိချင်လို့ လေ့လာမယ်ဆိုရင် သယ်ရတာလည်းလွယ်ကူ၊ စာအရေးအသားလည်း ကောင်း၊ အချိန်လည်း သိပ်ပေးစရာမလိုတဲ့ စာအုပ်လေးတစ်အုပ်ကို ပထမညွှန်လိုက်ပါရစေ..
မေတ္တာရှင် (ရွှေပြည်သာ) ရေးတဲ့ လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက် ဆိုတဲ့စာအုပ်လေးကိုလည်း ဖတ်ထားစေချင်ပါတယ်။

အင်တာနက်မှာ ပိုက်ဆံ ရှာနည်း

အင်တာနက်က ပိုက်ဆံရှာနည်းဆိုတာလေးကို http://www.thungechinmyar.co.cc ကနေ တိုက်ရိုက် ကူးယူဖော်ပြထားတာပါခင်ဗျာ။
ပိုမိုသိချင်ရင်တော့ http://www.thungechinmyar.co.cc ကိုသာသွားလည်ပါခင်ဗျာ။ ကျွန်တော်က သိအောင်သာပြောပြတာပါ။ လူများများသိအောင် konwledge share လုပ်တာပါ။ လာလည်သူအပေါင်း ဗဟုသုတ ပြည့်စုံကြပါစေဗျာ။
အင်တာနက်မှာပိုက်ဆံရှာနည်း မြောက်များစွာရှိပါတယ်။ ကုန်ပစ္စည်းရောင်းပေးရင်းပိုက်ဆံရှာခြင်း၊   အချက်
အလက်များထည့်သွင်းပေးခြင်းဖြင့်  ပိုက်ဆံရှာခြင်း၊   ဆာဗေးများလုပ်၍ပိုက်ဆံရှာခြင်း၊  စာရေးသားခြင်းဖြင့်
ပိုက်ဆံရှာခြင်း  စသဖြင့်ပေါ့။   အဲ နောက်ဆုံးတစ်ခု  အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ပိုက်ဆံရှာနည်း ကတော့
ကြော်ငြာဝဘ်ဆိုဒ်များကို ကြည့်ရှုခြင်းဖြင့် ပိုက်ဆံရှာနည်းပဲဖြစ်ပါတယ်။ PTC လို့ခေါ်ပါတယ်။
PTC = Paid To Click
ကြော်ငြာဝဘ်ဆိုဒ်များကို  ကြည့်ရှုရုံနဲ့ ပိုက်ဆံပေးတဲ့ဆိုဒ်ပါ။ အဲဒီမှာ မေးစရာတစ်ခုရှိပါတယ်။ ဝဘ်ဆိုဒ်တစ်ခု
ကြည့်ရုံနဲ့ ပိုက်ဆံတကယ်ပေးသလားဆိုတဲ့မေးခွန်းပါ။ သည်ဘက်ခေတ်တွေမှာ  အင်တာနက်မားကတ်တင်း
ဆိုတာ ခေတ်စားလာပါတယ်။ အင်တာနက်အွန်လိုင်းကနေ ထိုင်ရာမထ ပိုက်ဆံရှာနိုင်နေပါပြီ။ ဝဘ်ဆိုဒ်တစ်
ခုဝင်ကြည့်ရုံနဲ့ ပိုက်ဆံရတဲ့ပေးတဲ့ဆိုဒ်တွေ တစ်ပုံတစ်ပင်ကြီးပါ။ ဥပမာ သင်က ဝဘ်ဆိုဒ်တစ်ခုလုပ်ပြီး ခုနက
ပြောသလို ဝဘ်ဆိုဒ်တစ်ခုဝင်ကြည့်ရုံနဲ့တင် ပိုက်ဆံပေးတဲ့ဆိုဒ်တစ်ခုမှာ မိမိဝဘ်ဆိုဒ်ကို  အကောင့်လုပ်ထား
တယ်ဆိုရင် ကိုယ့်ဝဘ်ဆိုဒ်ကို တစ်ခြားသူတစ်ယောက် ဝင်ကြည့်ရုံနဲ့တင် ကိုယ်က  ပိုက်ဆံရပါတယ်။ အဲဒီလို
ဆိုဒ်တွေဟာလည်း အင်တာနက်မှာ  တစ်ပုံတစ်ပင်ကြီးပါ။ ယခုပြောမယ့်ဆိုဒ်ဟာလည်း အဲဒီလိုစနစ်ကျင့်သုံး
ထားပြီး သဘောတရားကို ပြင်ဆင်ထားတဲ့အတွက် ၄င်းဆိုဒ်မှာအကောင့်လုပ်ပြီး ကြော်ငြာကြည့်ရုံနဲ့တင် ဝင်
ငွေရနေနိုင်တာပါ။
နောက်ပြီး အင်တာနက်ဆိုတာ ယုံကြည်စိတ်ချရတဲ့ဆိုဒ် အမှန်တကယ်ရိုးသားပြီးပြောရင်ပြောတဲ့အတိုင်းလုပ်
တဲ့ဆိုဒ်များအတော်ကိုရှားပါတယ်။ များသောအားဖြင့် ယုံကြည်စိတ်ချရမှုမရှိတဲ့ဆိုဒ်တွေအများကြီးပါ။ ပိုက်ဆံ
တကယ်ပေးသလားမပေးဘူးလားဆိုတာကတော့ ကိုယ့်အတွေ့အကြုံပေါ်မှာပဲ  မူတည်ပါတယ်။  ကျွန်တော်
ကိုယ်တိုင်တွေ့ခဲ့တဲ့ ကိုယ်တိုင်ပိုက်ဆံရထားတဲ့ဆိုဒ်လေးကတော့
အထက်ပါဆိုဒ် တကယ်ပေးသလားမပေးဘူးလားဆိုတာကိုတော့ အောက်ပုံမှာရှုပါ။
Neobux မှ ပေးငွေ ၂ ဒေါ်လာ Alertpay ထဲရောက်လာသော သက်သေ
အထက်ပါပုံဟာ ကျွန်တော်ကိုယ်တိုင်အသုံးပြုပြီး ကိုယ်တိုင်ပိုက်ဆံရထားတဲ့သက်သေတစ်ခုဖြစ်ပါတယ်။  ယုံ
ကြည်တာမယုံကြည်တာ  ကျွန်တော့်အပိုင်းမဟုတ်ပါဘူး။  ၄င်းဆိုဒ်ဟာ  ၉၉.၉၉ရာနှုန်း  ပိုက်ဆံ တကယ်ပေး
ကြောင်း အာမခံပါတယ်။ ၀.၀၁ ရာနှုန်းကတော့ ၄င်းဆိုဒ်ရဲ့ စည်းကမ်းများနဲ့ မညီလို့ပဲဖြစ်ဖြစ်၊ အမှားအယွင်း
တစ်ခုကြောင့်ပဲဖြစ်ဖြစ် ၄င်းဆိုဒ်မှငွေမပေးခြင်းပါ။ စည်းကမ်းချက်များကိုလည်းနောက်ပိုင်းမှာဖော်ပြပေးသွား
မှာပါ။
Neobux ဘယ်လိုအလုပ်လုပ်သလဲ
၎င်းဟာ ကြော်ငြာဝဘ်ဆိုဒ်ကြည့်ရုံနဲ့ ပိုက်ဆံပေးပါတယ်။ စစဝင်ချင်း မန်ဘာတစ်ယောက်အနေနဲ့ တစ်နေ့ကို
ကြော်ငြာဝဘ်ဆိုဒ်လေးခု  ကြည့်ခွင့်ပေးပါတယ်။ ကြော်ငြာတစ်ခုစီကို ၀.၀၁ ဒေါ်လာပေးပါတယ်။  လေးခု ဆို
တော့ ၀.၀၄  ဒေါ်လာပေါ့။ အနည်းဆုံး ၂ ဒေါ်လာပြည့်ရင် ထုတ်နိုင်ပါပြီ။ နောက်ပိုင်းမှာ ဝင်ငွေတိုးအောင် ပြု
လုပ်နည်းများကိုလည်း ဖော်ပြပေးပါ့မယ်။
ပေးငွေကို ဘယ်လိုထုတ်မလဲ
အွန်လိုင်းမှာ ငွေချေခြင်း၊ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း စသည်များကို ခြားခံအနေနဲ့ ဆောင်ရွက်ပေးတဲ့ အဖွဲ့ အ
စည်း ဝဘ်ဆိုဒ်များရှိပါတယ်။ ၄င်းဆိုဒ်များ ထောက်ပံ့ပေးထားတဲ့  ဘယ်ဆိုဒ်မှာမဆို ငွေချေတဲ့ဆိုဒ်များမှတစ်
ဆင့် ငွေချေခြင်း အပါအဝင် ဘဏ်လုပ်ငန်းများကို လုပ်ဆောင်နိုင်ပါတယ်။  ခုပြောထားတဲ့ဆိုဒ်ဟာ ငွေချေ စ
နစ်သုံးခုကို ထောက်ပံ့ပေးထားပါတယ်။
Paypal, Alertpay and Neteller များပဲဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုဟာ  မြန်မာနိုင်ငံနဲ့ မသင့်တော်တဲ့အတွက် ချန်လှပ်ထားလိုက်ပါတယ်။  ၄င်းငွေချေဆိုဒ်များ
ကိုထောက်ပံ့ပေးထားတဲ့အတွက်  ပေးငွေများကို  အထက်ပါ စနစ်များမှတစ်ဆင့် ထုတ်နိုင်ပါတယ်။ ကိုယ့်ဆီ
ဘယ်လိုရအောင်ထုတ်မလဲဆိုတာကတာ့  မြန်မာနိုင်ငံမှ သူငယ်ချင်းများအတွက်ကတော့  အခက်အခဲတစ်ခု
အဖြစ်တည်ရှိနေပါဦးမယ်။ ဒါပေမဲ့ ယာယီသာဖြစ်ပါလိမ့်မယ်။
ရလာတဲ့ငွေတွေကို ဘယ်မှာသုံးမှာလဲ
ခုနက ပြောခဲ့တဲ့ ငွေချေဆိုဒ်များဟာ အွန်လိုင်းကနေ တစ်ဆင့် ငွေချေနိုင်တဲ့အတွက် ရလာတဲ့ပိုက်ဆံများကို
ဝဘ်ဆိုဒ်များ ဝယ်ယူခြင်း၊ ဆော့ဖ်ဝဲများဝယ်ယူခြင်းအပြင် အီးဘုတ်များဝယ်ယူခြင်း စတာတွေလုပ်ဆောင်နိုင်
ပါလိမ့်မယ်။
Neobux Account လုပ်နည်း
ကိုသွားပြီး ဘယ်ဘက်ဘောက်စ် အောက်မှ အကောင့်လုပ်သော ခလုတ်ကိုနှိပ်ပြီး အကောင့်လုပ်နိုင်ပါတယ်။
ဘယ်ဘက်ဘောက်စ်ကတော့ ကြော်ငြာရှင်များအတွက် ဖြစ်လို့ တကူးတက ဖော်ပြမပေးတော့ပါဘူး။
Neobux ဝင်ငွေရအောင် ဘယ်လိုလုပ်မလဲ
အရင်ဆုံး Homepage မှတစ်ဆင့် login ဝင်လိုက်ပါ။ (Secondary password ချန်ထားနိုင်ပါတယ်)
ပြီးရင် ဝင်ထားတဲ့ စာမျက်နှာရဲ့ ညာဘက်ထိပ်ဆုံးမှ View advertisements ကိုနှိပ်ပါ။
အထက်ပါအတိုင်း ကြော်ငြာ လင့်ခ်လေးခုကိုတွေ့ရပါလိမ့်မယ်။ အဲဒီထဲကတစ်ခုကိုနှိပ်လိုက်ပါ။ ပုံမှာပြထားတဲ့
အတိုင်း အနီရောင်အစက်လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ အဲဒီ အနီရောင်အစက်လေးကို နှိပ်လိုက်ရင်တော့ အောက်မှာပြထားတဲ့အတိုင်း စာမျက်နှာအသစ်တစ်ခုပေါ်လာပါလိမ့်မယ်။
အဲဒါကတော့ ကြော်ငြာရှင်တစ်ယောက်ရဲ့ဝဘ်ဆိုဒ်ပါပဲ။ စက္ကန့်အနည်းငယ်ကြာတဲ့အခါမှာ အောက်ပါအတိုင်း
အကောင့်ထဲကို ငွေသွင်းလိုက်ပြီဖြစ်ကြောင်း ပြသပါလိမ့်မယ်။
ပြီးရင်တော့ ကြည့်ထားတဲ့စာမျက်နှာကို ပိတ်ပြီး ကျန်တဲ့ လင့်ခ်သုံးခုကို ဆက်နှိပ်ပြီးကြည့်ပါ။  ဝင်ဝင်ချင်း မန်ဘာတစ်ယောက်အတွက်လေးခုပဲကြည့်ခွင့်ရှိပြီးနောက်နေ့များမှာလည်းဒီနေ့ကြည့်ခဲ့တဲ့ဆိုဒ်များကိုပဲပြန်ကြည့်
ရမှာပါ။ လင့်ခ်အသစ်များရောက်မလာပါဘူး။ တစ်ခါတစ်လေမှာတော့ တစ်ခုနှစ်ခုရောက်လာတတ်ပါတယ်။
………………………………………………….
စာမျက်နှာမြေပုံအနှစ်ချုပ် (အကြမ်း)

အထက်ပါပုံဟာ၎င်းဆိုဒ်ရဲ့စာမျက်နှာများပြမြေပုံပါ။အောက်မှာပေးထားတဲ့စာမျက်နှာပုံအသီးသီးကို အထက်
ပါပုံမှ လင့်ခ်များမှ တစ်ဆင့်သွားရမှာဖြစ်ပါတယ်။  ဘယ်လိုသွားရမယ်ဆိုတာ  ကွင်းစကွင်းပိတ်နဲ့  ဖော်ပြပေး
သွားမှာပါ။
………………………………………………..
ဝင်ငွေတိုးအောင်လုပ်နည်း
ဝင်ဝင်ချင်းမန်ဘာတစ်ယောက်အနေနဲ့ တစ်နေ့ကိုကြော်ငြာလေးခုပဲကြည့်ခွင့်ရှိတဲ့အတွက် အချို့သူငယ်ချင်း
များ စိတ်မရှည်ဖြစ်ကြပါလိမ့်မယ်။ ဝင်ငွေတိုးအောင်လုပ်လို့ရတဲ့နည်းတွေ ရှိပါတယ်။  ပထမဆုံးတစ်ခုကတာ့
နှိပ်စရာဝဘ်ဆိုဒ်လင့်ခ်များကို  ဝယ်ယူခြင်းပဲဖြစ်ပါတယ်။  ၅ဒေါ်လာနဲ့ ဝယ်ယူနိုင်ပြီး နှိပ်စရာ ဝဘ်ဆိုဒ်များကို
နှစ်ဆထိတိုးလိုက်တဲ့အတွက် တစ်နေ့ဝင်ငွေပိုတိုးလာနိုင်ပါတယ်။  နောက်တစ်ခုကတော့  ကိုယ်လုပ်ထားတဲ့
အကောင့်နဲ့ အခြားသူများကို ညွှန်းပြီး အကောင့်လုပ်ကြော်ငြာကြည့်ခိုင်းခြင်းဖြင့် ၄င်း နှိပ်သောသူများထဲကမှ
တစ်ဝက်ကို ကိုယ်ကရရှိနိုင်ပါလိမ့်မယ်။
(Banners လင့်ခ်မှတစ်ဆင့်သွားပါ)
အထက်ပုံပါ လင့်ခ်များထဲမှ ကြိုက်နှစ်သက်ရာတစ်ခုကို ကော်ပီကူးယူပြီး  အခြားသူများအား  အကောင့်လုပ်
ကြော်ငြာကြည့်စေခြင်းဖြင့်  ၄င်းတို့နှိပ်သမျှထဲမှ  တစ်ဝက်ကို  ကိုယ်ကရတဲ့အတွက် အဲဒီလိုများများလုပ်လေ
ကိုယ်က ပိုက်ဆံပိုရလေဖြစ်ပါတယ်။  လင့်ခ်ကိုတိုက်ရိုက်ပေးနိုင်သလို  မိမိမှာဘလော့ဂ်တစ်ခုရှိနေရင်လည်း
ကိုယ့်ဘလော့ထဲမှာ neobux ကုဒ်ကိုယူပြီးပုံအနေနဲ့ထည့်ထားနိုင်ပါတယ်။
Referral များကို ကိုယ်တိုင်မညွှန်းပဲ ငှားရမ်းခြင်း
သူကတော့ နှိပ်နေတဲ့သူများရဲ့အကောင့်ကို ခဏငှားပြီး ၄င်းတို့နှိပ်သမျှထဲကတစ်ဝက်ကို ကိုယ်ကရရှိခြင်းပါ။
တိုက်ရိုက် နဲ့  ငှားရမ်းစနစ်နှစ်ခုစလုံးဟာ သူများနှိပ်ရင်  တစ်ဝက်ရတဲ့အတွက်  သူနှိပ်ရင် သူ့အကောင့်ထဲကို
ဝ.၀၁ ဒေါ်လာရောက်သွားသလိုကိုယ့်ထဲကိုလည်း ၀.၀၀၅ ဒေါ်လာရောက်လာပါတယ်။ တစ်လကို ၀.၇၅ ဒေါ်
လာကနေစပြီး ငှားလို့ရပါတယ်။ ငှားပြီးကိုယ်က  ထိုင်နေလို့တော့မရပါဘူး။  ကိုယ်ကလည်းနှိပ်ပေးမှ ကိုယ်ရ
တဲ့ကလစ်အရေအတွက်နဲ့မြှောက်ပြီး ပိုက်ဆံရပါတယ်။ တစ်ရက်ပျက်လို့ရှိရင်တော့ မနေ့ကပျက်ခဲ့တဲ့အတွက်
ပျက်ခဲ့တဲ့ရက်က ပိုက်ဆံကို ကိုယ်ကမရပါဘူး။ ငှားခကို ကိုယ့်အကောင့်ထဲမှာစုပြီး  ငွေချေနိုင်သလိုငွေချေတဲ့
ဆိုဒ်များကနေလည်း ငွေချေလို့ရနိုင်ပါတယ်။ အောက်ပုံကိုကြည့်ပါ။
(Account Summary > Referrals လင့်ခ်များမှတစ်ဆင့်သွားပါ)
Paypal or Alertpay အကောင့်ရှိပြီးသူများအတွက်
သည်ဆိုဒ်ဟာ အကောင့်လုပ်ပြီး အချက်ပေါင်း ၁၀၀ ပြည့်မှ Referralsများနဲ့ပက်သက်တဲ့ကိစ္စများကို လက်ခံ
ပါတယ်။ ငွေချေစနစ်များမှာ အကောင့်ရှိပြီး ပိုက်ဆံရှိပြီးသူများအတွက်ကတော့ ကလစ် ၁၀၀  နှိပ်ပြီးသွားရင်
Direct referral ရော Rental referral ရော နှစ်မျိုးစလုံးကို စိတ်ကြိုက်ငှားသုံးနိုင်ပါပြီ။
(Rented လင့်ခ်မှသွားပါ။)
ကိုယ်ငှားထားတဲ့ Referral များရဲ့ ကလစ်နှိပ်ကြော်ငြာကြည့်ထားပုံဇယားပါ။
ပုံမှာကြည့်ပါ။ အောက်ဆုံးက တစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှကြော်ငြာလင့်ခ် ၇ ခုကြည့်ပါတယ်။ ကလစ်
နှိပ်တာနည်းတဲ့သူများကိုလည်း အခြားတစ်ယောက်နဲ့လဲနိုင်ပါတယ်။ အစိမ်းရောင်ခလုတ်လေးနှိပ် ၈ဆင့်ပေး
ပြီး လဲနိုင်ပါတယ်။
Neobux မှ ငွေထုတ်နည်း
သည်ဆိုဒ်ဟာ ကနဦးမန်ဘာများအတွက် အနည်းဆုံး ၂ ဒေါ်လာပြည့်ရင် ထုတ်နိုင်ပါပြီ။ သို့သော်  ဒုတိယငွေ
ထုတ်ခြင်းမှစပြီး တစ်ဒေါ်လာစီတိုးသွားကာ နောက်ဆုံး ဆယ်ဒေါ်လာပြည့်မှ  ရပ်သွားပါတယ်။  ဆိုလိုတာက
ပထမငွေထုတ်ခြင်း  အနည်းဆုံး ၂ဒေါ်လာ ဒုတိယငွေထုတ်ခြင်း ၃ဒေါ်လာ စသဖြင့်ပေါ့။ ကနဦးမန်ဘာ တစ်
ယောက်အနေနဲ့ ဘယ်လိုငွေထုတ်ရမလဲဆိုတာ အောက်ပုံမှာကြည့်ပါ။
(Account Summary လင့်ခ်မှတစ်ဆင့်သွားပါ)
ကိုယ့်အကောင့်ထဲမှာ ၂ဒေါ်လာပြည့်ပြီးသွားရင်တော့ ညာဘက်ဆုံးက ခလုပ်လေးစိမ်းလာပြီး ထုတ်လို့ရပါပြီ။
နှိပ်လိုက်ရင်တော့ ငွေချေစနစ်နှစ်မျိုးပေါ်လာပါလိမ့်မယ်။ တစ်ခုအဆင်မပြေရင် တစ်ခုရွေးနိုင်ပါတယ်။
ငွေချေစနစ် အကောင့်မရှိသူများ အောက်ပါလင့်ခ်များကို နှိပ်ပြီး အကောင့်လုပ်နိုင်ပါတယ်။
ငွေထုပ်ပြီးဖြစ်ကြောင်း ဘယ်လိုအသိပေးမလဲ
သည်ဆိုဒ်ဟာ အထက်ပါငွေချေဆိုဒ်များကို ထောက်ပံ့ပေးထားတဲ့အတွက် ကိုယ့်အကောင့်မှာ ငွေ ၂ဒေါ်လာ
ရလာပြီဆိုရင်တော့ ထောက်ပံ့ပေးထားတဲ့ဆိုဒ်များမှ ထုတ်ယူနိုင်ပါတယ်။ သည်ဆိုဒ်ရဲ့ စည်းကမ်းချက်များအ
ရ ထုတ်ပြီးပိုက်ဆံရယူရန် ၄၈နာရီ ကြာမယ်လို့ရေးထားသော်လည်းပဲ ကျွန်တော်ထုတ်ပြီး  ပိုက်ဆံရတဲ့အချိန်
ကတော့ စက္ကန့်အနည်းငယ်သာ ကြာပါတယ်။ ၄င်းကို Instant payment လို့ခေါ်ပါတယ်။
ညာဘက်ဆုံးက စိမ်းနေပြီဖြစ်တဲ့ ခလုတ်ကလေးကို နှိပ်လိုက်ရင်တော့ အထက်ပါအတိုင်း ပြပါလိမ့်မယ်။  ငွေ
ထုတ်ပြီးသွားရင်တော့ ထုတ်ပြီးသွားကြောင်းကို  ဆိုဒ်ထဲက  အခြေအနေပြစနစ်မှာကြည့်နိုင်သလို ကိုယ်လုပ်
ထားတဲ့ ငွေချေစနစ် အီးမေးလ်ထဲသို့လည်း ငွေထည့်ပြီးဖြစ်ကြောင်း အသိပေးပါလိမ့်မယ်။ အထက်ပါအတိုင်း
စာတမ်းအစိမ်းလေးမြင်ရပြီဆိုရင်တော့ ကိုယ်လုပ်ထားတဲ့ငွေချေစနစ်အကောင့်ထဲကို ဝင်ကြည့်လိုက်ပါ။
Neobux မှပေးငွေ ၂ဒေါ်လာကို အံ့သြပျော်ရွှင်စွာ မြင်ရပါလိမ့်မယ်။
Account upgrade လုပ်နည်း
ဝင်ငွေပိုတိုးအောင်လို့ ကိုယ့်အကောင့်ကို Upgrade ပြုလုပ်နိုင်ပါတယ်။
အထက်ပါလင့်ခ်အတိုင်းနှိပ်ပြီး  အသေးစိတ်လေ့လာနိုင်ပါတယ်။ ပြုလုပ်ရန်လိုအပ်တဲ့ အချက်အလက်များကို
တော့ ညာဘက်ဘေးမှာ ဖော်ပြထားပါတယ်။  လိုအပ်ချက်သုံးခုရှိပါတယ်။ တစ်ခုချင်းစီ  ပြည့်မီသွားရင်တော့
တစ်ခုချင်းစီ ဖျက်ပစ်ပါတယ်။ နောက်ဆုံး သုံးခုစလုံးဖျက်ပစ်မှ လုပ်ဆောင်နိုင်ပါတယ်။  အသေးစိတ်လေ့လာ
ချင်သေးတယ်ဆိုရင်
After your upgrade , စာတန်းနောက်က More info ကိုနှပ်ပြီးလေ့လာနိုင်ပါတယ်။
စာမျက်နှာပြမြေပုံအနှစ်ချုပ် (အချော)
Account Summary
မိမိဝဘ်ဆိုဒ်ကိုကြော်ငြာခြင်း၊  အကောင့်ကို  ဝင်ငွေတိုးအောင်လုပ်ခြင်း၊  ပိုက်ဆံထုတ်ခြင်း၊  မိမိအကောင့်၏
လုပ်ငန်းပြဇယား၊ Referral ငှားရမ်းခြင်း၊ ဝယ်ယူခြင်းပြုလုပ်နိုင်သော လင့်ခ်များပါဝင်သည်။
Banners
တစ်ခြားသူများအား refer လုပ်ရန် လင့်ခ်များပါဝင်သည်။
Personal
မိမိအကောင့်နှင့်ပက်သက်၍အချက်အလက်များကို ပြောင်းလဲနိုင်သည်။ လျှို့ဝှက်နံပါတ်များကို ပြောင်းလဲနိုင်
သလို paypal , alertpay မေးလ်များပြောင်းရန်စာမျက်နှာဖြစ်သည်။
Advertisements
မိမိကြော်ငြာထားသော ဝဘ်ဆိုဒ်များ (ကြော်ငြာမထားလျှင် ဘာမျှပေါ်မည်မဟုတ်ပါ)
Direct
Referral link မှတစ်ဆင့်အကောင့်လုပ်နှိပ်နေသူများ၏ အချက်အလက်များကြည့်ရှုနိုင်သည်။
Rented
ငှားရမ်းထားသော Referral များ၏ ကလစ်နှိပ်နှုန်းကို သိစေရန်နှင့် လူအပြောင်းအလဲများလုပ်နိုင်သည်။
Statistics
မိမိနှိပ်လိုက်သော ကလစ်အရေအတွက်များ၊  ငှားရမ်းထားသူများ၏  ကလစ်အရေအတွက်များ  ရထားသော
ပိုက်ဆံပမာဏကို ဇယားဖြင့်ဖော်ပြထားသည်။
History
မိမိပြုလုပ်ထားသော အပြူအမူများကို  မှတ်တမ်းတင်ထားသော  အချက်အလက်များပါဝင်သည်။ ( ဘယ်နေ့
မှစ၍ မန်ဘာဖြစ်သည်။ ဘယ်သူတွေ မိမိအောက်တွင် အလုပ်လုပ်နေသည် စသည်များပါဝင်သည်။ )
စည်းကမ်းချက်များ
 ဝဘ်ဆိုဒ်တိုင်းမှာ သူ့စည်းကမ်းနဲ့သူရှိပါတယ်။  ၄င်းစည်းကမ်းများကို မလိုက်နာရင်တော့ ကိုယ့်အကောင့်ကို
ယာယီ ထိန်းသိမ်းခြင်းသော်လည်းကောင်း၊ အမြဲတမ်းထိန်းသိမ်းခြင်းသော်လည်းကောင်း   အရေးယူခံရနိုင်ပါ
တယ်။ ဒီလိုမဖြစ်ရအောင် စည်းကမ်းချက်အနည်းငယ်ကို အကျဉ်းချုပ်ဖော်ပြပေးသွားပါမယ်။
ကွန်ပျူတာ တစ်လုံးအကောင့်တစ်ခုနှုန်း
သည်ဆိုဒ်ဟာ အိမ်ကနေပိုက်ဆံရှာဖို့ လုပ်ပေးထားတဲ့အတွက် ကွန်ပျူတာတစ်လုံးကို အကောင့်တစ်ခုပဲလုပ်
ခွင့်ပေးပါတယ်။ တစ်ခုထက်ပိုသော အကောင့်များကို ယာယီပိတ်ပစ်ခြင်းသော်လည်းကောင်း၊ အမြဲတမ်းပိတ်
ပစ်ခြင်းသော်လည်းကောင်း လုပ်ခံရနိုင်ပါတယ်။
အင်တာနက်ဆိုင်များမှ အသုံးပြုခြင်း
စည်းကမ်းချက်များထဲမှာ အင်တာနက်ကဖေးဆိုင်များမှ အသုံးပြုခြင်းကို လက်မခံသော်လည်း တကယ်တမ်း
သုံးလို့ရပါတယ်။ သို့ပေမယ့် ခုနကပြောခဲ့သလို အကောင့်များကိုမမှန်မကန်လုပ်ခဲ့မယ်ဆိုရင်တော့ အရေးယူ
ခံရနိုင်ပါတယ်။
Proxy အသုံးပြုခြင်း
login ဝင်ဖို့ proxy သုံးနိုင်သော်လည်း ကြော်ငြာကြည့်ဖို့ အသုံးပြုခြင်းလက်မခံပါ။
၎င်းဟာ ဘာကိုညွှန်းတာလဲဆိုတော့ ဥပမာ ကိုယ်ကမြန်မာနိုင်ငံကနေ အကောင့်လုပ်နှိပ်နေတယ်။ နိုင်ငံခြား
ရောက်သွားရင်လည်း ဒီဆိုဒ်ကို အသုံးပြုနိုင်တဲ့သဘောပါ။  ဒါကြောင့်လက်ခံတာပါ။  ဘာကြောင့်ပြောတာလဲ
ဆိုတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ အိုင်ပီနံပါတ်များမတူသလို  အချိန်များလည်း မတူညီကြပါ။ သည်ဆိုဒ်ဟာ
တစ်နေ့ကြော်ငြာလေးခုပဲကြည့်ခွင့်ပေးဖို့ ၄င်းတင်ထားတဲ့ဆာဗာအချိန်နဲ့  ကိုယ့်နိုင်ငံရဲ့အချိန်ကို  အသုံးပြုပါ
တယ်။  ကိုယ့်အိုင်ပီပြောင်းသွားတာနဲ့  ကိုယ်ဝင်လိုက်တဲ့နိုင်ငံရဲ့   အချိန်လည်းပြောင်းသွားပါတယ်။ အဲတော့
ကြော်ငြာအသစ်ကြည့်ဖို့ကြိုးစားတယ်ဆိုပြီး မမှန်မကန်လုပ်မှုနဲ့ အကောင့်ထိန်းသိမ်းခံရနိုင်ပါတယ်။
အလိုအလျောက်နှပ်သော ဆော့ဖ်ဝဲအသုံးပြုခြင်းကို လက်မခံခြင်း
အချို့သော ကိုယ်တိုင်နှိပ်ရမှာပျင်းတဲ့သူများက  အလိုအလျောက်နှိပ်ပေးတဲ့  ဆော့ဖ်ဝဲများကို  အသုံးပြုကြပါ
တယ်။ ထိုသို့အသုံးပြုခြင်းကို ဒီဆိုဒ်က လက်မခံပါဘူး။ စစ်ဆေးတွေ့ရှိက အရေးယူခြင်းခံရနိုင်ပါတယ်။
Referral များကို မမှန်မကန်လုပ်ခြင်း
ညွှန်းခြင်းများမှ ပိုက်ဆံပေးသော်လည်း ၄င်းအညွှန်းများကို  ကိုယ်တစ်ယောက်တည်းသုံးပြီး  ပိုက်ဆံရချင်ရင်
တော့ အရေးယူခြင်းခံရနိုင်ပါတယ်။
အခက်အခဲပြဿနာများ
Login ဝင်ရန်ကြာနေခြင်း
Login ဝင်တာကြာနေရင်တော့ Refresh လုပ် စိတ်ရှည်ရှည်ထားပြီး ဝင်နိုင်ပါတယ်။
တစ်ရက်ကလစ် ၄ ခုနှုန်း
ဒီဆိုဒ်ဟာ တစ်နေ့ကို ကြော်ငြာလေးခုကြည့်ခွင့်ပေးပါတယ်။ကြော်ငြာကြည့်တာကုန်သွားပြီးနောက်တစ်ခါပြန်
ဝင်ရင်တော့ အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။ You already viewed this advertisement in the last 24 hours …
တစ်ခြားတစ်ယောက်ဝင်ကြည့်သွားခြင်း
တစ်ခါတစ်လေမှာ ကိုယ်ကဝင်ကြည့်သော်လည်း အောက်ပါအတိုင်းပြနေတယ်ဆိုရင် Another user using your IP address already viewed 
this advertisement in the last 24 hours…
ဖိုရမ်လိုဟာမျိုးပဲဖြစ်ဖြစ် တစ်ခြား history စာမျက်နှာလိုမျိုးပဲဖြစ်ဖြစ်သွားပြီးမှ ကြော်ငြာပြန်ကြည့်ပါ။
Paypal, Alertpay (One IP per login)
၎င်းဆိုဒ်များကိုဝင်ရင် အိုင်ပီတစ်ခုတည်းနဲ့ပဲဝင်တာအကောင်းဆုံးပါ။ ပရောက်ဆီသုံးရင်လည်း တစ်မျိုးတည်း
ပဲဖြစ်ရပါ့မယ်။ သို့မဟုတ်ရင်တော့ အထက်ပါအကောင့်များအဖျက်ခံရနိုင်ပါတယ်။
(neobux အကောင့်ကိုတော့ မထိခိုက်ပါဘူး။ သို့ပေမယ့် paypal , alertpay မေးလ်ပြောင်းရပါ့မယ်)
Neobux နဲ့ ပက်သက်ပြီးလေ့လာချင်သေးတယ်ဆိုရင်
စာမျက်နှာအောက်ဆုံးကအထက်ပါလင့်ခ်များမှတစ်ဆင့် စည်းကမ်းချက်တွေ သူ့ရဲ့သဘောထားတွေကို လေ့
လာနိုင်ပါတယ်။
ကဲ ဒီလောက်ဆိုရင် ကျွန်တော်ပြောခဲ့တဲ့ဆိုဒ်လေးနဲ့ပက်သက်ပြီး အတော်အသင့်သိသွားပြီဆိုတော့အွန်လိုင်း
ကနေ ပိုက်ဆံရှာပြီး အပိုဝင်ငွေရနိုင်ပါပြီ။ အဝေးရောက်နေတဲ့ သူငယ်ချင်းများ (သုံးတတ်ရင်) ၄င်းနဲ့ပိုက်ဆံရ
နိုင်ပြီး ကျောင်းတက်နိုင်သလို ဝဘ်ဆိုဒ်ဝယ်ချင်လို့ အခက်တွေ့နေတဲ့  မိတ်ဆွေတွေလည်း  ဒီကနေတစ်ဆင့်
တစ်ဖက်တစ်လမ်းက ပိုက်ဆံအပိုဝင်လာနိုင်ပါလိမ့်မယ်။ အဝေးရောက်နေတဲ့ ဖိုရမ်များ လူမှုရေးဆိုဒ်များရေး
သားနေကြတဲ့ သူငယ်ချင်းအဖွဲ့တွေလည်း တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ပြီး ပိုက်ဆံပိုရှာနိုင်ပြီး အပို
Fund ရလာနိုင်ကြပါလိမ့်မယ်။ အားလုံးပဲအဆင်ပြေနိုင်ကြပါစေ။

၉၉ ပြား မိသားစု

ဟိုးရှေးရှေးတုန်းက လောကကြီးတစ်ခုလုံးကို ပိုင်စိုးထားတဲ့ ဘုရင်ကြီးတစ်ပါးရှိပါတယ်။ ဘုရင်ကြီးဟာ အရာရာကို ပိုင်ဆိုင်ထားသည့်တိုင် အလိုဆန္ဒတွေမပြည့်ဝနိုင်ပဲ ပျော်ရွှင်မှု မရှိခဲ့ပါဘူး။ ပျော်ပွဲရွှင်ပွဲတွေ၊ ညစာစားပွဲတွေ အစရှိတဲ့ပွဲတွေ မျိုးစုံအောင်ကျင့်ပခဲ့သည့်

တိုင်အောင် သူ့ဘ၀ဟာ ဘာဖြစ်လို့ မပျော်မရွှင်ဖြစ်နေမှန်း ၊ အလိုမကျမှန်းမသိပဲ စိတ်ရှုပ်နေခဲ့ပါတယ်။

တစ်နေ့မှာ ဘုရင်ကြီးဟာ မနက်စောစောထပြီး နန်းတော်ထဲလှည့်ပတ် ကြည့်ရှု့ခဲ့ပါတယ်။ စားဖိုဆောင်အရောက်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းဆိုနေတဲ့အသံကိုသူကြားလိုက်ပါတယ်။ အသံလာရာနောက်ကို ဘုရင်ကြီးလိုက်ကြည့်တော့ စားဖိုမှူးတစ်ယောက်ကို တွေ့ပါတယ်။ သီချင်းဆိုနေတဲ့ စားဖိုမှူးမျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေထင်ဟပ်နေတာကိုတွေ့ရော ဘုရင်ကြီးက တစ်အံ့တစ်သြနဲ့ စားဖိုမှူးကို ဘာကြောင့် ဒီလောက်ပျော်ရွှင်နေရသလဲလို့ မေးပါတယ်။

"အရှင်မင်းကြီး ကျွန်တော်မျိုးဟာ စားဖိုမှူးတစ်ယောက်သာဖြစ်ပေမယ့် ကျွန်တော်မျိုးရဲ့ဇနီး၊ သားသမီးတွေကို ကျွန်တော်တတ်နိုင်သလောက်ပျော်ရွှင်စေပါတယ်။ ကျွန်တော်မျိုးတို့ သိပ်များများ မလိုပါဘူး။ နေဖို့တဲတစ်လုံးရှိမယ်။ ဗိုက်ထဲမှာ အစာရှိမယ်ဆိုရင် လုံလောက်ပါပြီ။ ဇနီးနဲ့သားသမီးတွေကတော့ ကျွန်တော့်စိတ်ကို ပံ့ပိုးကူညီ သူတွေဖြစ်ပါတယ်။ အိမ်ကိုကျွန်တော် ကျွန်တော်ယူလာမယ့် မည်သည့်သေးသေးမွှားမွှားအရာမဆို သူ့တို့အလိုကို ပြည့်စေပါတယ်။ သူတို့ဟာ ကျွန်တော်မျိုးရှာဖွေပေးတာလောက်နဲ့ ရောင့်ရဲတင်းတိမ်ပြီးပျော်ရွှင်ကြပါတယ်။ ကျွန်တော်မျိုးမိသားစုတွေ ပျော်ရွှင်ကြလို့ ကျွန်တော်လည်း အခုလို နေ့တိုင်းပျော်ရွှင်နေရခြင်းဖြစ်ပါတယ်" လို့စားဖိုမှူးကြီးက ဖြေတယ်။

ဘုရင်ကြီးလည်း စားဖိုမှူးပြောတဲ့စကားကို အမတ်ကြီးတစ်ဦးနဲ့ တိုင်ပင် ဆွေးနွေးတယ်။ အမတ်ကြီးက "အရှင်မင်းကြီး ဒီစားဖိုမှူးဟာ ၉၉ ပြား မိသားစု မဖြစ်သေးလို့ပါ " လို့ဖြေတယ်။ "၉၉ ပြားမိသားစု ဆိုတာဘာလဲ" လို့ ဘုရင်ကြီးက သိလိုစိတ်နဲ့ ပြန်မေးတယ်။

"" ၉၉ ပြားမိသားစုဆိုတာ သိချင်ရင် အရှင်မင်းကြီး ဒီလိုလုပ်ပါ။ ပထမဆုံး အထုတ်တစ်ထုတ်ထဲကို ငွေပြား ၉၉ ပြား ထည့်ပြီး စားဖိုမှူးရဲ့အိမ်တံခါးဝနားမှာ သွားချထားပါ။ ၉၉ ပြားမိသားစုအကြောင်းအရှင်မင်းကြီး အမြန်ဆုံးသိလာပါလိမ့်မယ်။

အမတ်ကြီးပြောသလို ဘုရင်ကြီးဟာ ငွေပြား ၉၉ ပြားထည့်ထားတဲ့ အထုတ်ကို ပျော်ရွှင်တဲ့စားဖိုမှူး အိမ်ရှေ့ကို သွားချထားလိုက်ပါတယ်။ အိမ်ပြန်လာတဲ့ စားဖိုမှူးဟာ အထုတ်ကိုတွေ့တော့ အထဲမှာဘာတွေရှိလဲဆိုတာ သိလိုစိတ်ပြင်းပြပြီး ဖြေကြည့်လိုက်တယ်။ အထဲမှာ ငွေကြေးတွေကိုလည်း တွေ့ရော ၀မ်းသာအားရ အော်ပါတယ်။

"အလို .... ငွေတွေ .. ဒီလောက်များတဲ့ငွေတွေ"

စားဖိုမှူးဟာ အထုတ်ကို စားပွဲပေါ်ချပြီး ငွေတွေကိုရေတွက်ကြည့်တော့တာပေါ့။

"၉၉ ပြား" တဲ့

ကိုးလိုးကန့်လန့်နဲ့ ပြား ၁၀၀ မပြည့်ဘူးဆိုပြီး ငွေတွေကိုသူထပ်ပြီးရေတွက်ပြန်တယ်။ ဒါပေမယ့် ဘယ်လိုပဲရေတွက်ရေတွက် ငွေပြားတွေဟာ ၉၉ ပြားပဲ ဖြစ်နေတာပဲ။ ၉၉ ပြားတော့ မဖြစ်နိုင်ဘူး။ ဘယ်သူကမှ ၉၉ ပြားတော့ထည့်ထားမှာ မဟုတ်ဘူး။ သူအိတ်ထဲကနေ ငွေပြားတွေ ထုတ်တုံးက တစ်နေရာရာမှာ ကျပျောက်သွားတာ ပဲဖြစ်မယ်လို့တွေးလိုက်တယ်။ ကျန်တဲ့ငွေပြား ၁ ပြား ဘယ်ရောက်သွားပြီလဲဆိုပြီး စားဖိုမှူးလည်း ငွေပြားတစ်ပြား ရှာပုံတော်ဖွင့်ပါတော့တယ်။ အိမ်ထဲရောအိမ်အပြင်ပါ မကျန်နေရာအနှံရှာဖွေတာ လူသာပင်ပန်းသွားတယ် ငွေတစ်ပြားက မတွေ့ခဲ့ဘူး။ သူတစ်စတစ်စ မျှော်လင့်ချက်တွေမဲ့လာတယ်။ စိတ်ထဲမှာ မပျော်မရွှင်ဖြစ်လာ တယ်။ ငွေပြားတစ်ပြားကို နောက်တစ်နေ့မနက်မှ ထပ်ရှာမယ်လို့ဆုံးဖြတ်လိုက်တယ်။ ဒါမှ ပြားတစ်ရာပြည့်မယ်။

ညက ငွေတစ်ပြားရှာရတဲ့ဒါဏ်ကြောင့် နောက်တစ်နေ့ မနက်မှာ အိပ်ယာထနောက်ကျခဲ့လို့ စားဖို့မှူးဟာမပျော်မရွှင်ဖြစ်နေတယ်။ သူ့ဇနီးနဲ့ သားသမီးတွေကို မနှိုးရကောင်းလားဆိုပြီး ဆူပူငေါက်ငန်းတယ်။ငွေတစ်ပြားရှာဖို့ သူ့မှာ အချိန်မရှိတော့ဘူးလို့ဆိုတယ်။ စားဖိုဆောင်ကို သူနောက်ကျပြီးမှ အပြေးအလွှားရောက်လာခဲ့တယ်။ သူ့ပုံစံကလဲ ခါတိုင်းလို ပျော်ပျော်ရွှင်ရွှင် ဖြစ်မနေဘူး။ သီချင်းတွေလည်း  မညည်းဆိုနိုင်တော့သလို၊ လေလည်း မချွန် နိုင်တော့ဘဲ ခေါင်းငုံ့ပြီး အလုပ်တွေပဲ သိမ်းကျုံးလုပ်နေခဲ့တယ်။ ဘုရင်ကြီးက သူ့ကို တိတ်တိတ်လေး အကဲခတ်နေတယ်ဆိုတာကိုလည်း သူသတိမထားနိုင်တော့ပါဘူး။ စားဖိုမှူးရဲ့စိတ်တွေ ဒီလောက်အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တာကို ဘုရင်ကြီးနားမလည်နိုင်ဖြစ်ခဲ့တယ်။ ဒီလောက်များတဲ့ငွေကိုရတဲ့ စားဖိုမှူးဟာ ပိုပျော်သင့်တယ်လို့ ဘုရင်ကြီးထင်ခဲ့တယ်။ ဒီလိုနဲ့ အမတ်ကြီးကို မေးမြန်းပြန်တယ်။ အမတ်ကြီးက ..

"အရှင်မင်းကြီး ... ဒီစားဖိုမှူးဟာ ၉၉ ပြားမိသားစုထဲ လုံးဝ ၀င်ရောက်လာပါပြီ"လို့ဖြေပါတယ်။

၉၉ ပြားမိသားစုဆိုတာ သူတို့ ဘယ်လောက်ပဲ ပိုင်ဆိုင်ထားသည့်တိုင်အောင် မပြည့်ဝတတ်သူတွေဖြစ်တယ်။

သူတို့ဟာ အဲ့ဒီ ထပ်ဖြည့်ရမယ့် ငွေလေး တစ်ပြားအတွက် အလုပ်တွေကို နေ့မနားညမနား လုပ်ကြတယ်။

ပြားတစ်ရာ ပြည့်မယ့် သူတို့ရဲ့ လိုအင်ဆန္ဒအတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ကြတယ်။

တစ်ကျပ်ပြည့်ဖို့အတွက် လိုအပ်တဲ့ တစ်ပြားကို အားအင်တွေကုန်ခမ်းတဲ့အထိ လိုက်ရှာပြီး

ပျော်ရွှင်ခြင်းတွေ၊ ကျန်းမာရေးတွေစွန့်တဲ့လူတွေဟာ ၉၉ မိသားစု (ကျပ်မပြည့်တဲ့မိသားစု) ပဲဖြစ်တယ်။


ဥစ္စာပစ္စည်းရဲ့ တစ်ရာပုံ တစ်ပုံနဲ့ ပျော်ရွှင်ခြင်းကို ၀ယ်နိုင်ရင် ဒါဟာထိုက်တန်ပါတယ်။

ဒါပေမယ့် ဥစ္စာပစ္စည်းတစ်ပုံအတွက် ပျော်ရွှင်ခြင်းတွေနဲ့ လဲတာကတော့မထိုက်တန်ပါဘူး။

သင်ဟာ ၉၉ ပြား မိသားစုလား ?


နိုင်းနိုင်းစနေရဲ့ First Step မှ

September 21, 2009

မှော်ဆရာမရဲ့နှင်တံ

ငါဟာမပြည့်အိုးတစ်လုံးပါ
တစ်ထောင့်တစ်ညရာသီတွေထဲစီးဆင်းနေတဲ့
ငိုက်မြည်းနေတဲ့စမ်းချောင်းလေးလည်းဖြစ်ရဲ့
သင်ဟာ သဘာဝပါ
ခါးသက်သောညများကိုအဆိပ်ခပ်သိပ်ခဲ့တဲ့
သစ်တောအုပ်များပေါ်ကမိုးတိမ်လေးလည်းဖြစ်ရဲ့
ကမ်ဘာမြေရဲ့အစွန်အဖျားတစ်နေရာမှာ
နေချင်နေခဲ့တာ
သင့်နွေးထွေးမှုကိုညည်းငွေ့မိတဲ့အခါ
ရေခဲတွေလဲလှောင်းအိပ်စက်ရာ
တိတ်ဆိပ်ငြိမ်သက်ရာမှာခိုနားချင်တယ်
တကယ်ဆိုငါဟာ
တောအသွယ်သွယ်ကိုကွေ့ကောက်
ညင်သာစွာမွှေနှောက်နေရတဲ့စမ်းချောင်းလေးပါ
မင်းကြင်နာမှုနဲ့အသက်ဆက်နေခဲ့ရတာ
ရေခဲတွေလဲလျှောင်းအိပ်စက်ရာ
တိတ်ဆိပ်ငြိမ်သက်တဲ့ကမ်ဘာ့တစ်နေရာမှာ
ငါလည်းအေးချမ်းစွာနေချင်နေသူပါ ------။--------။--