Showing posts with label ကဗ်ာ. Show all posts
Showing posts with label ကဗ်ာ. Show all posts

September 15, 2013

အချစ်စိတ်

အချစ်ဆိုတာ
နှလုံးသားခြင်းသာ ဆက်သွယ်တဲ့ဘာသာစကားပါ။  ။
နုတ်ဖျားကထွက်ကျလာတဲ့ သာယာတဲ့စကားများရော
အဘိဓ္ဓါန်ထဲက နုညံ့တဲ့စာလုံးလေးတွေရော
ဘယ်အရာမှ ပီပြင်အောင်
အချစ်ကို ပုံဖော်လို့မှမရတာ ။   ။

မင်းမျက်ဝန်းနဲ့ဆုံမိတဲ့အခါ
ကိုယ့်နှလုံးသားလေး မင်းအပြုံးမှာကပ်ငြိပါသွားလေသလား
ရင်ဘတ်မှာတော့ အရှိန်မသပ်နိုင်တဲ့
အကြီးစားငလျှင်တစ်မျိုး လှုပ်ခပ်သွားခဲ့တယ် ။   ။

အမှတ်တမဲ့ဆို
နူယူကလိယဓါတ်ပေါင်းဖိုတစ်လုံးပေါက်ကွဲသွားတာများလား
ရေတံခွန်ပေါ်ကရေတွေ တစ်ရှိန်ထိုးစီးကျလာတာများလား
ကောင်းကင်ကမိုးကြိုးတွေ အစင်းလိုက်ပစ်ချလိုက်တာများလား
နုညံ့တဲ့နှလုံးသားကို ဓါတ်လိုက်သွားခဲ့တယ် ။   ။

ရင်ဘတ်မှာ
စမ်းချောင်းလေးတစ်စင်း ဖြတ်သန်းစီးစင်းသွားတာများလား
ပန်းခင်းတစ်ခင်း ခြေထောက်ပေါက်ရောက်လာများလား
လေညှင်းလေးတွေ ဖြတ်သန်းတိုက်ခတ်သွားတာများလား
နုညံ့တဲ့ နိဗ္ဗာန်ဘုံကို ကိုယ် တွေ့ခဲ့တယ် ။   ။

ကောင်မလေးရေ
ဘယ်အရာကိုမှ နှလုံးသားမှာ
သေသေချာချာမထားရှိခဲ့တဲ့ကောင်ဟာ
အခု တိတိကျကျ
ကိုယ် မင်းကိုချစ်မိနေပါပြီ ။   ။

စစ်အေးတိုက်ပွဲ

တိတ်ဆိပ်နေခြင်းဟာလည်း
စိန်ခေါ်မှုတစ်ရပ်ပဲ ။   ။
ငြိမ်သက်နေခြင်းကို
ပိုမိုနားစွင့်နေရတယ် ။   ။
ယုံကြည်ချက်
အသက်နဲ့ခန္ဓာ
မျှော်လင်ချက်နဲ့ အိမ်မက်တွေအသက်ဆက်ဖို့
သတိတရားတွေကိုလည်း စားသုံးရပေါ့ ။   ။
ကြိုးစားမှု
ရပ်တန့်လို့မရတဲ့ ရပ်ဝန်းထဲ
သုတေသန အသစ်တွေ ဖွဲ့လို့
အသံတိတ်
ကိုယ်ပျောက်
လက်နှက်တွေ
လျှို့ဝှက်
အပြိုင်တပ်ဆင်နေရပေါ့ ။   ။

August 23, 2013

မိုးအေမွာင္ည

အဲ့ဒီညက
လမင်းကြီးအလုပ်မဆင်းဘူး
ကြယ်ကလေးတွေခေါင်းမြီးခြုံ
လုံပြီကွယ်
လေးဘက်လေးတန် မီးချောင်းကြီးတွေက
ဆတပ်တာ ခပ်လိုက်မခပ်လိုက်
ပြိုးပြိုးပျက်ပျက်
မျက်စပစ်ပြီကွယ်
မိုးယံထက်ကဗုံမောင်းသံက
ဟိန်းဟိန်းညံညံ
စနေထောင့်မှာ ဆွမ်းလောင်းပြီကွယ်
ကျွန်တော်
ပုစွန်ထုပ်ကွေးကွေးလေး
အိမ်အိုလေးထဲ
သဲသဲလှုပ်ပြီကွယ် ---။-----။---

September 21, 2009

မှော်ဆရာမရဲ့နှင်တံ

ငါဟာမပြည့်အိုးတစ်လုံးပါ
တစ်ထောင့်တစ်ညရာသီတွေထဲစီးဆင်းနေတဲ့
ငိုက်မြည်းနေတဲ့စမ်းချောင်းလေးလည်းဖြစ်ရဲ့
သင်ဟာ သဘာဝပါ
ခါးသက်သောညများကိုအဆိပ်ခပ်သိပ်ခဲ့တဲ့
သစ်တောအုပ်များပေါ်ကမိုးတိမ်လေးလည်းဖြစ်ရဲ့
ကမ်ဘာမြေရဲ့အစွန်အဖျားတစ်နေရာမှာ
နေချင်နေခဲ့တာ
သင့်နွေးထွေးမှုကိုညည်းငွေ့မိတဲ့အခါ
ရေခဲတွေလဲလှောင်းအိပ်စက်ရာ
တိတ်ဆိပ်ငြိမ်သက်ရာမှာခိုနားချင်တယ်
တကယ်ဆိုငါဟာ
တောအသွယ်သွယ်ကိုကွေ့ကောက်
ညင်သာစွာမွှေနှောက်နေရတဲ့စမ်းချောင်းလေးပါ
မင်းကြင်နာမှုနဲ့အသက်ဆက်နေခဲ့ရတာ
ရေခဲတွေလဲလျှောင်းအိပ်စက်ရာ
တိတ်ဆိပ်ငြိမ်သက်တဲ့ကမ်ဘာ့တစ်နေရာမှာ
ငါလည်းအေးချမ်းစွာနေချင်နေသူပါ ------။--------။--