September 15, 2013

အချစ်စိတ်

အချစ်ဆိုတာ
နှလုံးသားခြင်းသာ ဆက်သွယ်တဲ့ဘာသာစကားပါ။  ။
နုတ်ဖျားကထွက်ကျလာတဲ့ သာယာတဲ့စကားများရော
အဘိဓ္ဓါန်ထဲက နုညံ့တဲ့စာလုံးလေးတွေရော
ဘယ်အရာမှ ပီပြင်အောင်
အချစ်ကို ပုံဖော်လို့မှမရတာ ။   ။

မင်းမျက်ဝန်းနဲ့ဆုံမိတဲ့အခါ
ကိုယ့်နှလုံးသားလေး မင်းအပြုံးမှာကပ်ငြိပါသွားလေသလား
ရင်ဘတ်မှာတော့ အရှိန်မသပ်နိုင်တဲ့
အကြီးစားငလျှင်တစ်မျိုး လှုပ်ခပ်သွားခဲ့တယ် ။   ။

အမှတ်တမဲ့ဆို
နူယူကလိယဓါတ်ပေါင်းဖိုတစ်လုံးပေါက်ကွဲသွားတာများလား
ရေတံခွန်ပေါ်ကရေတွေ တစ်ရှိန်ထိုးစီးကျလာတာများလား
ကောင်းကင်ကမိုးကြိုးတွေ အစင်းလိုက်ပစ်ချလိုက်တာများလား
နုညံ့တဲ့နှလုံးသားကို ဓါတ်လိုက်သွားခဲ့တယ် ။   ။

ရင်ဘတ်မှာ
စမ်းချောင်းလေးတစ်စင်း ဖြတ်သန်းစီးစင်းသွားတာများလား
ပန်းခင်းတစ်ခင်း ခြေထောက်ပေါက်ရောက်လာများလား
လေညှင်းလေးတွေ ဖြတ်သန်းတိုက်ခတ်သွားတာများလား
နုညံ့တဲ့ နိဗ္ဗာန်ဘုံကို ကိုယ် တွေ့ခဲ့တယ် ။   ။

ကောင်မလေးရေ
ဘယ်အရာကိုမှ နှလုံးသားမှာ
သေသေချာချာမထားရှိခဲ့တဲ့ကောင်ဟာ
အခု တိတိကျကျ
ကိုယ် မင်းကိုချစ်မိနေပါပြီ ။   ။

No comments: